Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၅)နယ်မြေတွင် ယနေ့ တိုက်ပွဲ စစ်ကောင်စီတပ်မှ ထိခိုက်မှုရှိ၊ လက်နက် ၁လက်ရရှိဟု ထုတ်ပြန်

KNU တပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်များ အထိနာနေသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီတပ်ကို ယနေ့ (ဒီဇင်ဘာ၃၁)နံနက်က တိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရသူ ရှိခဲ့ပြီး လက်နက်တစ်လက် သိမ်းဆည်း ရရှိခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။

ယနေ့ နံနက် ၇နာရီခန့်က ဖာပွန်မြို့အနီး မြေနီးကုန်းတွင် လှုပ်ရှားနေသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်မှ ထိခိုက်ဒဏ်ရာရမှု ရှိကြောင်း၊ အရေအတွက်ကို မသိရသေးကြောင်း ဖော်ပြသည်။ ထို့ပြင် ဖာပွန် – ကမမောင်း လမ်း ခွေးသေရွာ အခြေစိုက်လှုပ်ရှားလျက်ရှိသည့် စစ်ကောင်စီတပ်ကို နံနက် ၈နာရီ ၄၀ ခန့်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များ၏ AK-47 သေနတ် တစ်လက်သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြသည်။

KNU တပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်များ အထိနာနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

Facebook