Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်နဲ့တွင်းငယ်ကြား တိုက်ပွဲ ဆက်ဖြစ်၊ စစ်တပ်က သေဆုံးထိခိုက်မှုရှိဟု KIA ပြော

ဟိုပင်အနီး စစ်တပ်နဲ့ SNA ယာဉ်တန်း KIA တိုက်ခိုက်မှု စစ်တပ်အထိနာ

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Jithu Magar)

နိုဝင်ဘာ ၂၆၊၂၀၂၆။ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာကြားမှာ တိုက်ပွဲဆက်ဖြစ်ပြီး စစ်တပ်က သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

နိုဝင်ဘာ ၂၄ရက်က မိုးမိတ်နဲ့ တွင်းငယ်ကျေးရွာကြားရှိ ကရင်ချောင်းတံတားအနီး KIA တပ်ဖွဲ့များ ရှိရာ အာဏာသိမ်းစစ်တပ် ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်က ၇ဦး ဒဏ်ရာရရှိကာ သေဆုံးသူများရှိခဲ့ကြောင်း အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ မိုးမိတ်ဒေသဘက်မှ ကချင်ပြည်နယ်ဘက်သွားတဲ့ လမ်းကြောင်းများကနေ ထိုးစစ်ဆင်တိုက်ခိုက်နေလို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေတာလိုလည်းဖော်ပြပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့အနီးမှာလည်း နိုဝင်ဘာ ၂၄ရက်မနက် ၇နာရီခွဲဝန်းကျင်က တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်နဲ့ SNA ပူးပေါင်းပြီး ကား ၃စီး အင်အား ၄၀ခန့်နဲ့ တက်လာလို့ ဟိုပင်-နန့်ရင်းကျေးရွာကြားမှာ KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်တပ်က အထိနာ ကျဆုံးမှုများခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

အဲဒါကြောင့် စစ်တပ်ဟာ ပြန်ဆုတ်ခွာသွားတယ်လို့ အသိပေးပါတယ်။ တိုက်ပွဲအတွင်း အရပ်သား ပြည်သူ ၁ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

အဲဒီဒေသက ရထားလမ်းတလျှောက်နဲ့ ဟိုပင်-နန့်ရင်းလမ်းဘက် အာဏာသိမ်းစစ်တပ်ရော KIA ပူးပေါင်းတပ် စစ်ကြောင်းတွေရော စစ်ရေးလှုပ်ရှားနေကြောင်း အသိပေးထားပါတယ်။

KIA ပူးပေါင်းတပ်နဲ့ အာဏာသိမ်းစစ်တပ်တို့ဟာ မိုးမိတ်ဒေသမှာ စက်တင်ဘာလကုန်ပိုင်းကတည်းက လက်ရှိအချိန်ထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေသလို မိုးညှင်းမြို့နယ်အတွင်း ဒေသတွေမှာလည်း တိုက်ပွဲဖြစ်ပွားမှုတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ