နိုဝင်ဘာ ၂၆၊၂၀၂၆။သုည/Peoples Spring
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန (FCDO) ရှေ့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ICJ ရဲ့ စီရင်ချက်ကြိုဆိုကြောင်းနဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်လှုပ်ရှားမှုကို နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့ပါတယ်။
ယင်းဆန္ဒပြပွဲကို Myanmar Unity Movement (M.U.M) မှ ဦးဆောင်ပြီး လန်ဒန်ရောက် တော်လှန်ပြည်သူတွေနဲ့ တိုင်းရင်းသားညီအစ်ကိုတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၉ ရက်က ချမှတ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ စီရင်ချက်နဲ့ စပ်လျဉ်းပြီး ဗြိတိန်အစိုးရက မြန်မာစစ်သံမှူးအား နိုင်ငံအတွင်းမှ ထွက်ခွာစေဖို့ ဆုံးဖြတ်ခဲ့ခြင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူရန် တောင်းဆိုခဲ့ခြင်းတို့ကို ကြိုဆိုကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement
စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေအတွက် တရားမျှတမှုရရှိရေး၊ ကျူးလွန်သူတွေကို နိုင်ငံတကာဥပဒေနဲ့အညီ အရေးယူနိုင်ရေး၊ စစ်အုပ်စုန ၎င်းရဲ့ အထောက်အပံ့ကွန်ရက်တွေအပေါ် ပိတ်ဆို့အရေးယူမှုတိုးမြှင့်ရေးနဲ့ စစ်ဘေးသင့်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ဆက်လက်တိုးမြှင့်ပေးအပ်ရေးတို့ကို ဗြိတိန်အစိုးရထံ တောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေအတွက် မြန်မာပြည်သူတစ်ရပ်လုံးကို အပြစ်တင်ခြင်း၊ အပြစ်ပေးခြင်းမျိုး မဖြစ်စေဘဲ အမိန့်ပေးစေခိုင်းသူတွေနဲ့ အမှန်တကယ် ကျူးလွန်သူတွေကို ဥပဒေနဲ့အညီ အရေးယူနိုင်ရေး ကိုလည်း ဗြိတိန်ရောက်မြန်မာတွေက အထူးအလေးထား တောင်းဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ အားလုံး ချက်ချင်းလွှတ်ပေးရေး Free Her ကမ်ပိန်းကိုလည်း ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။



























































