Connect with us

Hi, what are you looking for?

သတင်း

တန်ဆောင်တိုင်ညက မန္တလေးမှာ လူ ၅၀နီးပါး ဆေးရုံရောက်

မန္တလေးမြို့မှာ တန်ဆောင်မုန်းလပြည့်ညက ပိုက်ဆံကြဲတာကို ကောက်တဲ့သူတွေ ကားတိုက်ခံရပြီး လူ ၅၀ နီးပါးဒဏ်ရာရခဲ့တယ်လို့ ဆရာဝန်နဲ့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

မန္တလေးမြို့မှာ တန်ဆောင်မုန်းလပြည့်ညက ပိုက်ဆံကြဲတာကို ကောက်တဲ့သူတွေ ကားတိုက်ခံရပြီး လူ ၅၀ နီးပါးဒဏ်ရာရခဲ့တယ်လို့ ဆရာဝန်နဲ့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

နိုဝင်ဘာ-၂၆၊ ၂၀၂၆။ ကတ်သရင်း/People’s Spring

မန္တလေးမြို့မှာ တန်ဆောင်မုန်းလပြည့်ညက ပိုက်ဆံကြဲတာကို ကောက်တဲ့သူတွေ ကားတိုက်ခံရပြီး လူ ၅၀ နီးပါးဒဏ်ရာရခဲ့တယ်လို့ ဆရာဝန်နဲ့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

မန္တလေး ကျုံးဘေး ၁၂လမ်းနဲ့ သိပ္ပံလမ်းအပါအဝင် နေရာတော်‌တော်များများမှာ ယာဉ်တိုက်မှုတွေဖြစ်ခဲ့တာလို့ ဆိုပါတယ်။

မန္တလေးပြည်သူ့ဆေးရုံကြီးက ဆရာဝန်တစ်ဦးရဲ့ပြောကြားချက်အရ အဲဒီနေ့ည အစောပိုင်းမှာ ယာဉ်တိုက်ခံရပြီး ရောက်လာသူ ၂၀ဦး ကျော်တယ်လို့ ဆိုပါတယ်။ ဒဏ်ရာပြင်းထန်သူတွေ၊ ခါးရိုးကျိုးသူတွေပါပေမယ့် အရေးပေါ်ဌာနမှာ သေဆုံးသူတော့ မရှိဘူးလို့ အဲဒီဆရာဝန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“တော်တော်ပြင်းပြင်းထန်ထန်ဖြစ်တာက သိပ္ပံလမ်းဖြစ်စဉ်နဲ့ ၁၂လမ်း ကျုံးဘေးပေါ့။ အဲဒီနှစ်နေရာမှာ တနေရာကို လူ ၈ဦး လောက်ထိခိုက်တယ်။ အဲဒီလူတွေ ရောက်လာတယ်။ ည၁၂လောက်အထိက အရေးပေါ်ကားတွေ ဆေးရုံကို ဆက်တိုက်ဝင်တယ်။ စာရင်းအကုန် ကျွန်တော် မကြည့်လိုက်နိုင်ဘူး။ စုစုပေါင်း ၅၀လောက်တော့ရှိမယ်”လို့ ဆရာဝန်က ဆက်ပြောပါတယ်။

လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးကလည်း အောင်မြေသာစံမြို့နယ်အတွင်းမှာတင် လမ်းပေါ်ပိုက်ဆံပြေး ကောက်သူကို ဆိုင်ကယ်နဲ့တိုက်မိတာ၊ ကားနဲ့ဝင်တိုက်တာ၊ ရှောင်ရင်း ဆိုင်ကယ်အချင်းချင်းတိုက်တဲ့အမှု ၅မှုထက်မနည်းဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“ဒါကို တာဝန်ယူပို့ဆောင်ဖို့တာဝန်ယူထားတဲ့ အသင်းရှိပါတယ်။ ဖြစ်စဉ်တွေများလို့။ ည၉နာရီ လောက်မှာ ကျွန်တော်တို့ဆီ လမ်းကြောင်းဝင်လာတာလည်းရှိတယ်”လို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။

တန်ဆောင်မုန်းလပြည့်ညမှာ မန္တလေးမြို့က ကျုံးဘေးလမ်းတွေအပါအဝင် လမ်းမတွေပေါ်မှာ ပိုက်ဆံကြဲတဲ့ကားတွေ ရှိပြီး လမ်းဘေးကနေ အော်ဟစ်ပိုက်ဆံကြဲခိုင်းကြကာ လုယက်ကောက်ယူမှုကြောင့် ယာဉ်မတော်တဆမှု အများပြားရှိခဲ့တာပါ။

ဆက်စပ်သတင်းများ