Connect with us

Hi, what are you looking for?

သတင်း

ဘန်ကောက်က လောင်စာဆီသိုလှောင်ရုံမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ပွား

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က လောင်စာဆီသိုလှောင်ရုံ တစ်ခုမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က လောင်စာဆီသိုလှောင်ရုံ တစ်ခုမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က လောင်စာဆီသိုလှောင်ရုံ တစ်ခုမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့က ဘန်ကောက်မြို့ အရှေ့ပိုင်း ဖရာခါနွန်နဲ့ ဘန်နာ မြို့နယ်တွေကြားမှာ တည်ရှိတဲ့ ဘန်ချက် လောင်စာဆီသိုလှောင်ရုံမှာ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားပြီး မီးလောင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

မီးလောင်မှု ဖြစ်တဲ့နေရာကနေ မည်းနက်တဲ့ မီးခိုးလုံးတွေ ထွက်ပေါ်နေတာကိုလည်း အဝေးကနေ တွေ့မြင်ခဲ့ရပါတယ်။ ဘန်ချက် လောင်စာဆီသိုလှောင်ရုံမှာ ပေါက်ကွဲ မီးလောင်မှု ဖြစ်ခဲ့ကြောင်း၊ လုံခြုံရေးအရ အနီးတဝိုက်မှာ နေထိုင်သူတွေ အနေနဲ့ အမြန်ဆုံး ပြောင်းရွှေ့ကြဖို့ တိုက်တွန်းကြောင်း ဘန်နာ မြို့နယ် အုပ်ချုပ်ရေးရုံးက Facebookမှာ ထုတ်ပြန်ထားခဲ့ပါတယ်။

မျက်မြင်တွေရဲ့ အဆိုအရ ပေါက်ကွဲမှုကြီး ဖြစ်တဲ့အချိန် လောင်စာဆီလှောင်ရုံနဲ့ ကီလိုမီတာတချို့ ကွာဝေးတဲ့ နေရာက အဆောက်အအုံတွေပါ တုန်ခါသွားခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒေသစံတော်ချိန် ၃ နာရီ မထိုးခင်လောက်တုန်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြီးအပြီး အခြေအနေကို ထိန်းသိမ်းထားနိုင်ပြီလို့ မီးသတ်ဌာနနဲ့ တာဝန်ရှိသူတွေက ပြောကြားထားပေမယ့် အနီးတဝိုက်မှာ နေထိုင်သူတွေ ဆက်လက် ရွှေ့ပြောင်းနေကြဖို့ အကြံပေးထားပါတယ်။

ရေနံသိုလှောင်ရုံ ပေါက်ကွဲမှု ဖြစ်စဉ်မှာ ထိခိုက်သေဆုံးသူ ရှိမရှိ ဆိုတာကို မသိရသေးပါဘူး။ ပြီးတော့ ဘာကြောင့် ပေါက်ကွဲမှု ဖြစ်သလဲ ဆိုတာကိုလည်း အာဏာပိုင်တွေက ဆက်လက် စုံစမ်းနေဆဲပါ။

ကိုးကား – AP

ဆက်စပ်သတင်းများ