နိုဝင်ဘာ-၂၆၊၂၀၂၆။ကတ်သရင်း/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်က ကင်းချောင်းရွာတိုက်ပွဲကြောင့် ဒေသခံပြည်သူ ၃၀၀နီးပါး စစ်ဘေးရှောင်နေရပြီး အကူအညီ တွေလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးမိတ်မြို့အနီးကတိုက်ပွဲတွေကြောင့် ကင်းချောင်း၊ပေကုန်း၊သစ်ဆိမ့်ကုန်း၊လားဟူရွာက ဒေသခံတွေ စစ်ဘေးရှောင်နေရပြီး တောထဲ ကျောက်ဆောင်တွေဘက် နေထိုင်နေရသူ တွေလည်းရှိကာ စောင်နဲ့ စားနပ်ရိက္ခာလိုအပ် တာတွေ ရှိတယ်လို့ သိရပါတယ်။
“တချို့က ရွာတွေဘက်သွားရှောင်တာလည်းရှိတာပေါ့။တချို့လည်း လေကြောင်း ကြောက် တော့ တောထဲ တောင်ထဲရှောင်တဲ့သူ တွေလည်းရှိကြတယ်။မိုးကုတ်မြို့နယ်ဘက် လာရှောင်တဲ့သူ တွေဆီတော့ စုပေါင်းလာကူညီ ပေးကြတာ လေး တွေရှိတယ်။အလှူရှင်မရောက်တဲ့ဆီ တွေလည်း တော်တော်ကျန်နေ သေးတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
စစ်ဘေးရှောင်တွေအတွက် ဆေးဝါး၊အဝတ်အထည်၊စောင်နဲ့ စားနပ်ရိက္ခာ တွေလို အပ်နေပြီး နီးစပ်ရာ တွေကတဆင့်ချိတ်ဆက် ကူညီကြဖို့ ဒေသခံတွေက တောင်းဆိုထားပါတယ်။
ယခုရက်ပိုင်းအတွင်း တိုက်ပွဲအနည်းငယ် ငြိမ်သက် နေပေမယ့် စစ်တပ်ကလက်နက်ကြီး၊ဒရုန်း၊လေယာဉ်နဲ့ ဗုံးကြဲတာ တွေပြုလုပ် နေတာ တွေရှိနေ သေးတယ်လို့သိရပါတယ်။
မိုးမိတ်မြို့နယ်အတွင်း အရေးပါတဲ့ မိုးမိတ်- တွင်းငယ်လမ်းပိုင်းက နေရာတချို့ကို KIAနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေကသိမ်းယူထားပါတယ်။



























































