Connect with us

Hi, what are you looking for?

News

ဂန့်​​ဂေါ PDF နှစ်ပတ်အတွင်း စစ်​ကောင်စီတပ်သား ၄၉ ဦးကို သုတ်သင်ရှင်းလင်းခဲ့​ကြောင်းထုတ်ပြန်

“ဂန့်​​ဂေါ PDFအဖွဲ့ဟာရဟတ်ယာဥ်၆စီးနဲ့(စစ်​ကောင်စီတပ်ကလာရောက်တိုက်ခိုက် )တိုက်ခိုက်ခံရတဲ့၁၇.၁၂ . ၂၁ (ဒီဇင်ဘာ ၁၇)မှ၂၉.၁၂.၂၁(ဒီဇင်ဘာ ၂၉)ထိကာလအတွင်းမှာတိုက်ပွဲပေါင်း၉ကြိမ်ဖော်ဆောင်ခဲ့ပြီးအကြမ်းဖက်စကစရဲ့မုန့်ဟင်းခါးပွဲစုစုပေါင်း၄၉ပွဲနဲ့ကားတစ်စီးကိုမိမိရရမြေသြဇာဖြစ်စေခဲ့ပါတယ်”ဟု ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်သည်။

(ဂန့်​​ဂေါပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်(PDF)များ)

ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ -PDF(ဂန့်​ဂေါ)က နှစ်ပတ်အတွင်း အာဏာသိမ်းစစ်​ကောင်စီတပ်ဖွဲ့ အား ၉ ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်​ကောင်စီတပ်သား ၄၉ ဦးသုတ်သင်နိုင်ခဲ့​ကြောင်း PDF ဂန့်​ဂေါက သတင်းထုတ်ပြန်သည်။

ထိုအပြင် တိုက်ပွဲများအတွင်း စစ်​ကောင်စီတပ်၏ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ပါရှိသည်။

“ဂန့်​​ဂေါ PDFအဖွဲ့ဟာရဟတ်ယာဥ်၆စီးနဲ့(စစ်​ကောင်စီတပ်ကလာရောက်တိုက်ခိုက် )တိုက်ခိုက်ခံရတဲ့၁၇.၁၂ . ၂၁ (ဒီဇင်ဘာ ၁၇)မှ၂၉.၁၂.၂၁(ဒီဇင်ဘာ ၂၉)ထိကာလအတွင်းမှာတိုက်ပွဲပေါင်း၉ကြိမ်ဖော်ဆောင်ခဲ့ပြီးအကြမ်းဖက်စကစရဲ့မုန့်ဟင်းခါးပွဲစုစုပေါင်း၄၉ပွဲနဲ့ကားတစ်စီးကိုမိမိရရမြေသြဇာဖြစ်စေခဲ့ပါတယ်”ဟု ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲများတွင် ဂန့်​ဂေါPDF မှ တပ်ဖွဲ့ဝင်တစ်ဦး ပြည်သူနှင့် ဖက်ဒရယ် ဒီမိုက​ရေစီနိုင်ငံအတွက် တိုက်ပွဲဝင်ရင်းကျဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့​ကြောင်း ဂန့်​ဂေါ PDF သတင်းနှင့်ပြန်ကြား​ရေးအဖွဲ့က ​​ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်​တော်တို့အဖွဲ့အနေနဲ့ တစ်-MOD(ကာကွယ်​ရေးဝန်ကြီးဌာန)ကတာဝန်ရှိသူများရဲ့လမ်းညွှန်ချက်အတိုင်းတိတိကျကျပြောက်ကျားစနစ်နဲ့တိုက်ခိုက်မှု ၊ နှစ် -နယ်မြေကျွမ်းကျင်မှု၊ဦးဆောင်သူများရဲ့စနစ်ကျမှု၊ကိုင်တွယ်တဲ့ဖောက်ခွဲရေးပစ္စည်းကျွမ်းကျင်မှုများကြောင့်အောင်မြင်တာဖြစ်ပါတယ်” ဟု တိုက်ပွဲများတွင်ဂန့်​ဂေါ PDF အဖွဲ့ မှ ထိခိုက်ကျဆုံးမှု နည်းပါးခြင်းနှင့်ပတ်သက်၍ သတင်းနှင့်ပြန်ကြား​ရေးအဖွဲ့က ​ပြော သည်။

နှစ်သစ် ၂၀၂၂ အတွက် ပြည်သူများအား ဂန့်​ဂေါ PDFက ​အောက်ပါအတိုင်းသတင်းစကားပါးသည်။

“မိဘပြည်သူများကိုနှစ်သစ်ကူးစကားအနေနဲ့အရေးတော်ပုံအောင်နေပြီလို့ပြောလိုပါတယ်”

ဂန့်​ဂေါမြို့နယ် အပါအဝင် ​ယောနယ် ၊​ဆောနယ် သည်မ​ကွေးတိုင်းတွင် အကြမ်းဖက်စစ်​ကောင်စီတပ်ကို ခုခံတွန်းလှန်မှု အားအ​ကောင်းဆုံး​ဒေသဖြစ်ပြီး ​​PDF များ ၊ ​ဒေသတွင်းကာကွယ်​ရေးအဖွဲ့များဖြစ်​သော LDF များနှင့် ချင်း​တောင်​ပေါ်မှ ချင်း​ဒေသကာကွယ်​ရေးအဖွဲ့ (CDF).များကပါ စစ်​ကောင်စီတပ်ကို တုံ့ပြန်တိုက်ခိုက်​​​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook