Connect with us

Hi, what are you looking for?

LuduNwayOo

News

ဂန့်​​ဂေါ PDF နှစ်ပတ်အတွင်း စစ်​ကောင်စီတပ်သား ၄၉ ဦးကို သုတ်သင်ရှင်းလင်းခဲ့​ကြောင်းထုတ်ပြန်

“ဂန့်​​ဂေါ PDFအဖွဲ့ဟာရဟတ်ယာဥ်၆စီးနဲ့(စစ်​ကောင်စီတပ်ကလာရောက်တိုက်ခိုက် )တိုက်ခိုက်ခံရတဲ့၁၇.၁၂ . ၂၁ (ဒီဇင်ဘာ ၁၇)မှ၂၉.၁၂.၂၁(ဒီဇင်ဘာ ၂၉)ထိကာလအတွင်းမှာတိုက်ပွဲပေါင်း၉ကြိမ်ဖော်ဆောင်ခဲ့ပြီးအကြမ်းဖက်စကစရဲ့မုန့်ဟင်းခါးပွဲစုစုပေါင်း၄၉ပွဲနဲ့ကားတစ်စီးကိုမိမိရရမြေသြဇာဖြစ်စေခဲ့ပါတယ်”ဟု ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်သည်။

(ဂန့်​​ဂေါပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်(PDF)များ)

ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ -PDF(ဂန့်​ဂေါ)က နှစ်ပတ်အတွင်း အာဏာသိမ်းစစ်​ကောင်စီတပ်ဖွဲ့ အား ၉ ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်​ကောင်စီတပ်သား ၄၉ ဦးသုတ်သင်နိုင်ခဲ့​ကြောင်း PDF ဂန့်​ဂေါက သတင်းထုတ်ပြန်သည်။

ထိုအပြင် တိုက်ပွဲများအတွင်း စစ်​ကောင်စီတပ်၏ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ပါရှိသည်။

“ဂန့်​​ဂေါ PDFအဖွဲ့ဟာရဟတ်ယာဥ်၆စီးနဲ့(စစ်​ကောင်စီတပ်ကလာရောက်တိုက်ခိုက် )တိုက်ခိုက်ခံရတဲ့၁၇.၁၂ . ၂၁ (ဒီဇင်ဘာ ၁၇)မှ၂၉.၁၂.၂၁(ဒီဇင်ဘာ ၂၉)ထိကာလအတွင်းမှာတိုက်ပွဲပေါင်း၉ကြိမ်ဖော်ဆောင်ခဲ့ပြီးအကြမ်းဖက်စကစရဲ့မုန့်ဟင်းခါးပွဲစုစုပေါင်း၄၉ပွဲနဲ့ကားတစ်စီးကိုမိမိရရမြေသြဇာဖြစ်စေခဲ့ပါတယ်”ဟု ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲများတွင် ဂန့်​ဂေါPDF မှ တပ်ဖွဲ့ဝင်တစ်ဦး ပြည်သူနှင့် ဖက်ဒရယ် ဒီမိုက​ရေစီနိုင်ငံအတွက် တိုက်ပွဲဝင်ရင်းကျဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့​ကြောင်း ဂန့်​ဂေါ PDF သတင်းနှင့်ပြန်ကြား​ရေးအဖွဲ့က ​​ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်​တော်တို့အဖွဲ့အနေနဲ့ တစ်-MOD(ကာကွယ်​ရေးဝန်ကြီးဌာန)ကတာဝန်ရှိသူများရဲ့လမ်းညွှန်ချက်အတိုင်းတိတိကျကျပြောက်ကျားစနစ်နဲ့တိုက်ခိုက်မှု ၊ နှစ် -နယ်မြေကျွမ်းကျင်မှု၊ဦးဆောင်သူများရဲ့စနစ်ကျမှု၊ကိုင်တွယ်တဲ့ဖောက်ခွဲရေးပစ္စည်းကျွမ်းကျင်မှုများကြောင့်အောင်မြင်တာဖြစ်ပါတယ်” ဟု တိုက်ပွဲများတွင်ဂန့်​ဂေါ PDF အဖွဲ့ မှ ထိခိုက်ကျဆုံးမှု နည်းပါးခြင်းနှင့်ပတ်သက်၍ သတင်းနှင့်ပြန်ကြား​ရေးအဖွဲ့က ​ပြော သည်။

နှစ်သစ် ၂၀၂၂ အတွက် ပြည်သူများအား ဂန့်​ဂေါ PDFက ​အောက်ပါအတိုင်းသတင်းစကားပါးသည်။

“မိဘပြည်သူများကိုနှစ်သစ်ကူးစကားအနေနဲ့အရေးတော်ပုံအောင်နေပြီလို့ပြောလိုပါတယ်”

ဂန့်​ဂေါမြို့နယ် အပါအဝင် ​ယောနယ် ၊​ဆောနယ် သည်မ​ကွေးတိုင်းတွင် အကြမ်းဖက်စစ်​ကောင်စီတပ်ကို ခုခံတွန်းလှန်မှု အားအ​ကောင်းဆုံး​ဒေသဖြစ်ပြီး ​​PDF များ ၊ ​ဒေသတွင်းကာကွယ်​ရေးအဖွဲ့များဖြစ်​သော LDF များနှင့် ချင်း​တောင်​ပေါ်မှ ချင်း​ဒေသကာကွယ်​ရေးအဖွဲ့ (CDF).များကပါ စစ်​ကောင်စီတပ်ကို တုံ့ပြန်တိုက်ခိုက်​​​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။