Connect with us

Hi, what are you looking for?

News

တနင်္သာရီတိုင်းမှစစ်​ရေးတင်မာ​နေ​သော သုံးမြို့နယ်တွင် ပြည်သူများခရီးမသွားရန် PDFက ​မေတ္တာရပ်ခံ

“မနေ့ညက ပုလောဘက်မှ တိုက်ပွဲဖြစ်ကြလို့ ပြည်သူတွေ ခရီးမသွားကြဖို့ အချင်းချင်းသတိပေးထားကြတာ။ သရက်ချောင်းမှာဆိုရင် မြို့ပြင်မထွက်ဖို့တောင် သတိပေးတာတွေရှိတယ်”ဟုသရက်ချောင်းမြို့ခံတစ်ဦးကပြောသည်။

တနင်္သာရီတိုင်းအတွင်းရှိ စစ်​ရေးတင်မာ​နေ​သောမြို့နယ်သုံးမြို့နယ်တွင် မလိုအပ်ဘဲ ခရီးမသွားရန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြည်သူ လူထုထံ ယနေ့ မနက်ပိုင်းတွင်မေတ္တာရပ်ခံသည်။

ထားဝယ်ခရိုင်မှ သရက်ချောင်းမြို့နယ်နှင့် မြိတ်ခရိုင်မှ ပုလောနှင့် တနင်္သာရီမြို့နယ်တို့ဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်များ၏ သတိပေးချက်များကို လိုက်နာပေးကြရန်​ မေတ္တာရပ်ခံထားသည်။

အကြမ်းဖက်စစ်ကောင်စီနှင့်ရင်ဆိုင်တိုက်ပွဲများ၊ပြောက်ကျားစစ်ပွဲများရှိနေခြင်းကြောင့် စစ်ရေးသတိရှိကြရန်လည်း ပြည်သူများကို သတိပေးထားသည်။

“မနေ့ညက ပုလောဘက်မှ တိုက်ပွဲဖြစ်ကြလို့ ပြည်သူတွေ ခရီးမသွားကြဖို့ အချင်းချင်းသတိပေးထားကြတာ။ သရက်ချောင်းမှာဆိုရင် မြို့ပြင်မထွက်ဖို့တောင် သတိပေးတာတွေရှိတယ်”ဟုသရက်ချောင်းမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များသည်တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ရှိ KNU တပ်မဟာ ၄ နယ်မြေများဖြစ်သည့် ကဗျာရွာနှင့် ဝတ်ဖျားရွာအတွင်းသို့ မနေ့ညပိုင်းကစ၍ စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း ‌ဒေသခံများကပြောသည်။

စစ်ကြောင်းထိုးဝင်ရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို ဒေသခံကာကွယ်ရေးတပ်များကဆီး ကြိုမိုင်းဆွဲတိုက်ခိုက်မူကြောင့် အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးသွားသည်ဟု ဒေသခံတွင်း မီဒီယာများတွင်ဖော်ပြထားသည်။ ထိုသို့မိုင်းဆွဲတိုက်ခိုက်မူကြောင့် ည ၇ နာရီ ခွဲမှ ၁၀ နာရီအထိတိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်​ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မ​တော်နှင့်ပုလောဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)တို့ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်များထံမှ သိရသည်။ ထိုတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်မရှိဟုလည်းဆိုသည်။

ဒေသခံများပြောကြားချက်အရ အကြမ်းဖက်စစ်ကောင်စီ တပ်များသည် ပဝတ်ဖျားကျေးရွာအတွင်း ပြည်သူပိုင် အိမ် ၅လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုသိ့ရသည်။

KNUနယ်မြေအတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်မှ ပုလောမြို့နယ်ရှိ ၂၈၅တပ်ရင်းဖြစ်ပြီး အင်အား ၂၀၀ကျော်ပါဝင်သည်ဟု ဒေသခံများထံမှသိရသည်။

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင်လည်းအကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ဇန်နဝါရီ ၇ ရက်က တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီက ဆယ်ကျော်သက်လူငယ် ၃ဦးအပါအဝင် ပြည်သူ ၄ဦးကို အကြောင်းမဲ့ပစ်သတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook