Connect with us

Hi, what are you looking for?

LuduNwayOo

News

တနင်္သာရီတိုင်းမှစစ်​ရေးတင်မာ​နေ​သော သုံးမြို့နယ်တွင် ပြည်သူများခရီးမသွားရန် PDFက ​မေတ္တာရပ်ခံ

“မနေ့ညက ပုလောဘက်မှ တိုက်ပွဲဖြစ်ကြလို့ ပြည်သူတွေ ခရီးမသွားကြဖို့ အချင်းချင်းသတိပေးထားကြတာ။ သရက်ချောင်းမှာဆိုရင် မြို့ပြင်မထွက်ဖို့တောင် သတိပေးတာတွေရှိတယ်”ဟုသရက်ချောင်းမြို့ခံတစ်ဦးကပြောသည်။

တနင်္သာရီတိုင်းအတွင်းရှိ စစ်​ရေးတင်မာ​နေ​သောမြို့နယ်သုံးမြို့နယ်တွင် မလိုအပ်ဘဲ ခရီးမသွားရန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြည်သူ လူထုထံ ယနေ့ မနက်ပိုင်းတွင်မေတ္တာရပ်ခံသည်။

ထားဝယ်ခရိုင်မှ သရက်ချောင်းမြို့နယ်နှင့် မြိတ်ခရိုင်မှ ပုလောနှင့် တနင်္သာရီမြို့နယ်တို့ဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်များ၏ သတိပေးချက်များကို လိုက်နာပေးကြရန်​ မေတ္တာရပ်ခံထားသည်။

အကြမ်းဖက်စစ်ကောင်စီနှင့်ရင်ဆိုင်တိုက်ပွဲများ၊ပြောက်ကျားစစ်ပွဲများရှိနေခြင်းကြောင့် စစ်ရေးသတိရှိကြရန်လည်း ပြည်သူများကို သတိပေးထားသည်။

“မနေ့ညက ပုလောဘက်မှ တိုက်ပွဲဖြစ်ကြလို့ ပြည်သူတွေ ခရီးမသွားကြဖို့ အချင်းချင်းသတိပေးထားကြတာ။ သရက်ချောင်းမှာဆိုရင် မြို့ပြင်မထွက်ဖို့တောင် သတိပေးတာတွေရှိတယ်”ဟုသရက်ချောင်းမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များသည်တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ရှိ KNU တပ်မဟာ ၄ နယ်မြေများဖြစ်သည့် ကဗျာရွာနှင့် ဝတ်ဖျားရွာအတွင်းသို့ မနေ့ညပိုင်းကစ၍ စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း ‌ဒေသခံများကပြောသည်။

စစ်ကြောင်းထိုးဝင်ရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို ဒေသခံကာကွယ်ရေးတပ်များကဆီး ကြိုမိုင်းဆွဲတိုက်ခိုက်မူကြောင့် အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးသွားသည်ဟု ဒေသခံတွင်း မီဒီယာများတွင်ဖော်ပြထားသည်။ ထိုသို့မိုင်းဆွဲတိုက်ခိုက်မူကြောင့် ည ၇ နာရီ ခွဲမှ ၁၀ နာရီအထိတိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်​ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မ​တော်နှင့်ပုလောဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)တို့ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်များထံမှ သိရသည်။ ထိုတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်မရှိဟုလည်းဆိုသည်။

ဒေသခံများပြောကြားချက်အရ အကြမ်းဖက်စစ်ကောင်စီ တပ်များသည် ပဝတ်ဖျားကျေးရွာအတွင်း ပြည်သူပိုင် အိမ် ၅လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုသိ့ရသည်။

KNUနယ်မြေအတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်မှ ပုလောမြို့နယ်ရှိ ၂၈၅တပ်ရင်းဖြစ်ပြီး အင်အား ၂၀၀ကျော်ပါဝင်သည်ဟု ဒေသခံများထံမှသိရသည်။

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင်လည်းအကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ဇန်နဝါရီ ၇ ရက်က တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီက ဆယ်ကျော်သက်လူငယ် ၃ဦးအပါအဝင် ပြည်သူ ၄ဦးကို အကြောင်းမဲ့ပစ်သတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။