Connect with us

Hi, what are you looking for?

News

မီးရှို့ဖျက်ဆီးခံရသည့် အိမ်​ထောင်စုများကို ​မြောင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များ ပူး​ပေါင်း၍ ​ထောက်ပံ့​ငွေ​ပေးအပ်

ထောက်ပံ့မှုအစီစအဥ်ကို Myaung Union Army-MUA (တပ်ရင်းမှုး -ကိုတိုက်ဂါး)၊အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ(မြောင်)-M2W နှင့် မြောင်မြိုနယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ- CDSOM တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

စစ်ကိုင်းတိုင်း မြောင်မြိုနယ်တွင် အကြမ်းဖက်စစ်ကောင် စီတပ်က ​နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် အိမ်ထောင်စုများအားမြောင်မြိုနယ်ပြည်သူ့တပ်ဖွဲ့များ ပူးပေါင်း၍ ထောက်ပံ့ငွေများ ယနေ့(ဇန်နဝါရီ ၁၄)တွင် ပေးအပ်ခဲ့သည်။

မြောင်မြိုနယ် ဆွဲလဲအိုကျေးရွာတွင် ဇန်နဝါရီ၁၃ရက် နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၃လုံး၊ ၀က်နှစ်ကောင်၊ နွားတစ်ကောင်၊ လယ်ထွန်စက် တစ်စီး၊ ဆိုင်ကယ်နှစ်စီးတို့ပျက်စီးခြင်း၊ ဆန်နှင့် ပဲသီးပဲနှံများကို ဖျက်စီးခြင်း စသည့် ရာဇဝတ်မှုဒဏ်များကို ပြည်သူများ ခံခဲ့ရသည်ဟု မြောင်မြိုနယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ- CDSOMက ဆိုသည်။

အလားတူ ဇန်နဝါရီ ၁၁ ရက် ည ၉နာရီခန့်တွင် မြောင်မြိုနယ် နဘက်ကျေးရွာမှ နေအိမ်​ခြောက်လုံးကိုလည်း စစ်ကောင်စီအကြမ်းဖက်သမားများမှ မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့ကြောင့် အိမ်ထောင်စုတစ်စုလျှင် ၁၀၀,၀၀၀(တစ်သိန်းကျပ်)စီနှင့် စစ်ဘေးရှောင်ပြည်သူများအတွက် ဆန် သုံးအိတ်တို့ကို ပြည်သူများမှ ဒေသခံပြည်သူ့ကာကွယ် ရေးတပ်ဖွဲများထံ ပံ့ပိုးထားသော ထောက်ပို့များဖြင့် စစ်ဘေးဒုက္ခရောက်နေသော ပြည်သူများထံသို့ပြန်လည်လှုဒါန်းကူညီခဲ့ကြောင်း CDSOM က အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

အဆိုပါ ထောက်ပံ့မှုအစီစအဥ်ကို Myaung Union Army-MUA (တပ်ရင်းမှုး -ကိုတိုက်ဂါး)၊အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ(မြောင်)-M2W နှင့် မြောင်မြိုနယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ- CDSOM တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ