Connect with us

Hi, what are you looking for?

News

ယခုလဝက်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၅၀ ကျော်သေဟု KNU တပ်မဟာ(၅)ထုတ်ပြန်

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှထိခိုက်ဒဏ်ရာရသူများထဲတွင် တပ်ခွဲမှူးတစ်ဦးပါဝင်ကြောင်း၊ KNU တပ်မဟာ(၅) တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးပြီး ​လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေတွင် ယခု ဇန်နဝါရီလဝက်အတွင်း တိုက်ပွဲ ၁၂၀ခန့်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၅၄ဦးသေဆုံးပြီး ၄၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မဟာ(၅)က ယနေ့ ထုတ်ပြန်သ ည်။

ဇန်နဝါရီ ၁ရက်မှ ၁၅ရက်အတွင်း တပ်မဟာ(၅)နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားမှု အခြေအနေကို ထုတ်ပြန်ခဲ့ရာ တပ်မဟာ(၅)နှင့် စစ်ကောင်စီတပ်တို့ ရင်ဆိုင် တိုက်ပွဲ ၁၁၉ကြိမ် ဖြစ်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှထိခိုက်ဒဏ်ရာရသူများထဲတွင် တပ်ခွဲမှူးတစ်ဦးပါဝင်ကြောင်း၊ KNU တပ်မဟာ(၅) တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးပြီး ​လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

နှစ်ပတ်တာကာလအတွင်း စစ်ကောင်စီတပ်၏ သယ်ယူပို့ဆောင်ရေး စစ်မော်တော်ယာဉ် ၁၃စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် တိုက်ခိုက်ခြင်းတို့ကြောင့် အရပ်သားပြည်သူ သုံးဦးသေဆုံးပြီး ​လေးဦးဒဏ်ရာရရှိခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ ခုနစ်ခုအနက် တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုအများဆုံး ဖြစ် သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။