ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေတွင် ယခု ဇန်နဝါရီလဝက်အတွင်း တိုက်ပွဲ ၁၂၀ခန့်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၅၄ဦးသေဆုံးပြီး ၄၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မဟာ(၅)က ယနေ့ ထုတ်ပြန်သ ည်။
ဇန်နဝါရီ ၁ရက်မှ ၁၅ရက်အတွင်း တပ်မဟာ(၅)နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားမှု အခြေအနေကို ထုတ်ပြန်ခဲ့ရာ တပ်မဟာ(၅)နှင့် စစ်ကောင်စီတပ်တို့ ရင်ဆိုင် တိုက်ပွဲ ၁၁၉ကြိမ် ဖြစ်ခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှထိခိုက်ဒဏ်ရာရသူများထဲတွင် တပ်ခွဲမှူးတစ်ဦးပါဝင်ကြောင်း၊ KNU တပ်မဟာ(၅) တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
နှစ်ပတ်တာကာလအတွင်း စစ်ကောင်စီတပ်၏ သယ်ယူပို့ဆောင်ရေး စစ်မော်တော်ယာဉ် ၁၃စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် တိုက်ခိုက်ခြင်းတို့ကြောင့် အရပ်သားပြည်သူ သုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။

Public Service Announcement
KNU တပ်မဟာ ခုနစ်ခုအနက် တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုအများဆုံး ဖြစ် သည်။


















































