Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၅)က BGFတပ်စခန်းတစ်ခုကို တိုက်ခိုက် သိမ်းပိုက်၊ စစ်ကောင်စီနှင့် မပေါင်းရန် သတ်မှတ်ရက် ပြည့်ပြီးနောက် တိုက်ခိုက်ခြင်းဖြစ်

“အစတုန်းကတော့ ကိုယ့်လူမျိုးပေါ့နော် တစ်ဖက်အနေနဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ရှောင်တော့ရှောင်တယ်။ ဒါပေမဲ့ အခုတော့ ရန်သူလိုပဲ သဘောထားတဲ့သဘောပဲပေါ့။ အဓိကတော့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်လို့ပေါ့” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

(BGF စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး​နောင်မီးရှို့ခဲ့သည်)

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF) တပ်စခန်းတစ်ခုကို ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းရင်းမြစ်က အတည်ပြုသည်။

(BGF စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး​နောင်မီးရှို့ခဲ့သည်)

ကရင်ပြည်နယ် ဖာပွန်မြို့န် မဲပလိရွာ တွင် အခြေစိုက်သည့် BGF အမှတ် ၁၀၁၄ တပ်ရင်း၏ တပ်စခန်း တစ်ခုကို KNU တပ်မဟာ(၅) တပ်ဖွဲ့က ဇန်နဝါရီ ၁၆ရက် တွင် တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ BGF တပ်ဖွဲ့ဝင် တစ်ဦးကို အရှင်ဖမ်းမိကြောင်း ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA) တပ်မှူး တစ်ဦးနှင့် နီးစပ်သူကို ကိုးကားပြီး Salween Press က ဖော်ပြခဲ့သည်။

အဆိုပါ သတင်းဖော်ပြမှုအပေါ် KNU ဗဟိုမှ သတင်းရင်းမြစ်က “ အဲဒါ အတည်ပြုလို့ရပါတယ်” ဟု ပြောသည်။

ကရင် BGF တပ်များ ဇန်နဝါရီ ၁၅ရက်မှစ၍ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်ရန်နှင့် အကယ်၍ ပြည်သူလူထု အကျိုးကို မကြည့်ဘဲ စစ်ကောင်စီနှင့်ပူးပေါင်းပါက ကရင်အချင်းချင်း ဖြစ်သော်လည်း တိုက်ခိုက်ရတော့မည်ဟု တပ်မဟာ(၅)က ကြေညာခဲ့ပြီးနောက် ဇန်နဝါရီ ၁၆ရက်တွင် BGF တပ်စခန်းတစ်ခုကို စတင်တိုက်ခိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“အစတုန်းကတော့ ကိုယ့်လူမျိုးပေါ့နော် တစ်ဖက်အနေနဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ရှောင်တော့ရှောင်တယ်။ ဒါပေမဲ့ အခုတော့ ရန်သူလိုပဲ သဘောထားတဲ့သဘောပဲပေါ့။ အဓိကတော့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်လို့ပေါ့” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

(BGF စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး​နောင်မီးရှို့ခဲ့သည်)

အဆိုပါ စခန်းသိမ်းတိုက်ပွဲ၌ ထိခိုက်ကျဆုံးမှု အခြေအနေ အသေးစိတ်ကိုမသိရသေးကြောင်း၊ လက်နက်ခဲယမ်းရရှိမှု ရှိနိုင်နိုင်ကြောင်း ၎င်းက ဆိုသည်။

KNU တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ BGF တပ်များကို KNU လက်အောက်ခံ KNLAနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)တို့က ခုခံတိုက်ခိုက်လျက်ရှိရာ ယခုလဝက်အတွင်း တိုက်ပွဲ ၁၂၀ ခန့်ဖြစ်ပြီး စစ်ကောင်စီတပ်က ၅၀ ကျော်သေဆုံးကာ ၄၀ ကျော်ဒဏ်ရာရရှိခဲ့သည်ဟု တပ်မဟာ(၅)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook