Connect with us

Hi, what are you looking for?

ဗီဒီယို

ကာကွယ်ဆေး ၄ကြိမ် ထိုးထားလည်း Omicronကို တားဖို့ မလွယ်ဘူးလို့ အစ္စရေး သုတေသီတွေပြော

ကိုဗစ် ကာကွယ်ဆေး ၄ ကြိမ်မြောက်အဖြစ် Booster ထိုးထားလည်း Omicronမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိထိရောက်ရောက် ဟန့်တားနိုင်မှာ မဟုတ်ကြောင်း အစ္စရေးမှာ ပြုလုပ်တဲ့ စစ်တမ်း တစ်ရပ်က ဖော်ပြခဲ့ပါတယ်။

အစ္စရေးဟာ ကမ္ဘာပေါ်မှာ စတုတ္ထမြောက် Booster ဆေးထပ်ထိုးဖို့ ပထမဆုံး အကောင်အထည်ဖော်ခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ကူးစက်မြန် Omicronမျိုးကွဲ ကူးစက်မှုတွေ စတင် အရှိန်ရလာချိန် ကတည်းက အစ္စရေးမှာ Pfizerနဲ့ Modernaတို့က ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေကို စတုတ္ထအကြိမ်မြောက်အဖြစ် ထိုးနှံစေခဲ့ပါတယ်။ mRNA နည်းပညာနဲ့ တီထွင်ထားတဲ့ ဒီဆေးတွေဟာ လက်ရှိ သုံးစွဲနေသမျှ ကိုဗစ် ကာကွယ်ဆေးတွေ အားလုံးထဲမှာ အစွမ်းအထက်ဆုံး အမျိုးအစားတွေလို့ အသိအမှတ်ပြု ခံထားရပါတယ်။

အဲဒီနောက်ပိုင်းမှာ ဆေးထိုးထားသူတွေဆီက ထွက်ပေါ်လာတဲ့ ကိုယ်ခံအား Antibody တုံ့ပြန်နိုင်စွမ်းကို အစ္စရေး သုတေသီတွေက လေ့လာခဲ့ကြပါတယ်။ ကနဦး တွေ့ရှိချက်တွေအရ စတုတ္ထအကြိမ် ကာကွယ်ဆေး ထပ်ထိုးထားသူတွေဟာ တတိယ တစ်လုံးသာ ထိုးရသူတွေထက် ပိုမိုကောင်းမွန်တဲ့ Antibody တည်ဆောက်မှုမျိုး ရှိနေကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပမာဏဟာ Omicron ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်လောက်တဲ့ထိ မလုံလောက်သေးဘူးလို့ ဆိုပါတယ်။

စတုတ္ထမြောက် ကာကွယ်ဆေး ထိုးလိုက်တဲ့ အခါမှာ တတိယ တစ်လုံးသာ ထိုးထားသူတွေထက် နည်းနည်း ပိုကောင်းတဲ့ Antibodyမျိုး ပိုင်ဆိုင်လာတာကိုတော့ အသိအမှတ် ပြုရမယ်လို့ လေ့လာမှုမှာ ဦးဆောင် ပါဝင်တဲ့ ဒေါက်တာ ရီဂျက်ဗ် ယိုချေက ဆိုပါတယ်။ ဒါပေမဲ့ ဒီလောက်နဲ့တော့ Omicronကို ဟန့်တားဖို့ မလုံလောက်သေးကြောင်း၊ အသုံးပြုတဲ့ ကာကွယ်ဆေးက အမျိုးအစား အရမ်းကောင်းရင်တောင် Omicron ကူးစက်မှုကို ကာကွယ်နိုင်မယ့် Antibody ပမာဏ တောင်းဆိုမှုက အရမ်း မြင့်မားနေတာ ပြဿနာ တစ်ခုအဖြစ် ဆက်ရှိနေကြောင်း သူက ရှင်းပြပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကတော့ Omicronဟာ အရင်မျိုးကွဲဟောင်း ကိုရိုနာ ဗိုင်းရပ်စ်တွေနဲ့ ယှဉ်ရင် ကူးစက်နှုန်း အရမ်းမြန်လာပေမယ့် သေဆုံးနိုင်ခြေ အချိုးအစားကတော့ သိသိသာသာ လျော့ကျသွားနိုင်ကြောင်း မှတ်ချက် ပေးထားပါတယ်။ ပြီးတော့ ကူးစက်မှုကို အပြည့်အဝ မတားဆီးနိုင်ဘူး ဆိုရင်တောင် Omicronကြောင့် ရောဂါ ပြင်းထန်နိုင်ခြေကို လျော့ကျသွားစေတဲ့အတွက် အခွင့်အရေးရရင် ကာကွယ်ဆေး မပျက်မကွက် ထိုးကြဖို့လည်း WHOက တိုက်တွန်း အကြံပြုထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို နည်းနည်းလေး ရန်စရင်တောင် အီရန်ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။