စစ်ကောင်စီတပ်မှ ၉ဦးသေဟုဆို
အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်း ငါးခု အပါ အဝင်စစ်ကောင်စီတပ်စွဲရာနေရာများကို တစ်ရက်အတွင်း ၁၁ကြိမ်ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)က ယနေ့ထုတ်ပြန်သည်။
KNU တပ်မဟာ(၅)ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်အတွင်း ဇန်နဝါရီ ၂၁ရက်နှင့် ၂၀ရက်က စစ်ရေး သတင်းများဖော်ပြရာ ဇန်နဝါရီ ၂၀ရက်တွင် စစ်ကောင်စီတပ်ကို ၁၁ကြိမ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၉ဦးသေဆုံးပြီး သုံးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး KNU တပ်မဟာ(၅) တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုရှိမရှိကို ဖော်ပြမထားပေ။

Public Service Announcement
တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ် နေရာယူထားသည့်နေရာများမှာ ခေါ်ဒေါခိုစခန်း၊ သစ်တစ်ပင်ကုန်းစခန်း၊ ခေးပူစခန်း၊ ယူဂေါ်လိုကုန်းဒေသနှင့် ဘို့ဆဲကျိုလိုးဒေသ အကြား၊ လော်ထောကုန်းဒေသ ၊ ပေါ်နွယ်ထဒေသ၊ ကော့ထော်ထ စခန်း၊ ယူဂေါ်လိုကုန်းဒေသ ၊ ကျောက်ညှစ်စခန်း၊ တာတလေးဒေး ဒေသ တို့ဖြစ်သည်ဟု ဆိုသည်။
ဇန်နဝါရီ ၂၁ရက်ကလည်း စစ်ကောင်စီတပ်၏ သစ်တပင်ကုန်း တပ်စခန်းကို ထပ်မံခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
KNU တပ်မဟာ(၅)သည် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်၏ သစ်တပင်ကုန်း စခန်းကို မကြာခဏ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။


















































