Connect with us

Hi, what are you looking for?

News

မြို့နယ်လျှပ်စစ်ရုံးသို့ ပို့​​သောမီတာခများသိမ်းဆည်းပြီးရပ်ကျေးအုပ်ချုပ်ရေးမှူးကို သတိပေးခဲ့ဟုရေနံချောင်း PDFထုတ်ပြန်

ယနေ့( ဇန်နဝါရီ ၂၄ရက်)တွင် မီတာခ ပို့ဆောင်သည့် အုပ်ချုပ်‌ရေးမှူးနှင့် အဖွဲ့အား ရေနံချောင်းPDFနှင့် Rangers Of Tropical Land(ROTL)တို့မှပူးပေါင်း တားဆီးပြီးသိမ်းယူခဲ့ခြင်းဖြစ်သည်ဟု​ဖော်ပြထားသည်။

ရေနံချောင်းမြို့နယ် ရွှေတုတ်ကန်ကျေးရွာရှိဒေသခံပြည်သူများထံမှ အတင်းအဓမ္မကောက်ယူထားသော လျှပ်စစ်မီတာခ (၈သိန်း)ကျပ်အား မြို့နယ်လျှပ်စစ်မီတာရုံးသို့ သွားရောက်ပို့ဆောင်စဉ် လမ်းခုလတ်တစ်နေရာ၌ တားဆီး သိမ်းယူခဲ့ကြောင်း ရေနံချောင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) က ထုတ်ပြန်သည်။

ယနေ့( ဇန်နဝါရီ ၂၄ရက်)တွင် မီတာခ ပို့ဆောင်သည့် အုပ်ချုပ်‌ရေးမှူးနှင့် အဖွဲ့အား ရေနံချောင်းPDFနှင့် Rangers Of Tropical Land(ROTL)တို့မှပူးပေါင်း တားဆီးပြီးသိမ်းယူခဲ့ခြင်းဖြစ်သည်ဟု​ဖော်ပြထားသည်။

အုပ်ချုပ်‌ရေးမှူးအပါဝင် သွားရောက်ပို့ဆောင်သူ ၃ ဦးအား ပြင်းပြင်းထန်ထန် သတိပေး ဆုံးမခဲ့ကြောင်း၊ ၎င်းငွေကျပ်(၈သိန်း)အား အာဏာသိမ်းစစ်​ကောင်စီကို ​ခုခံ​တော်လှန်​နေ​သောတော်လှန်ရေးအတွက် အသုံးချသွားမည်ဖြစ်ကြောင်းလည်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook