Connect with us

Hi, what are you looking for?

News

စစ်ကောင်စီနှင့် BGFတပ်ကို KNU တပ်မဟာ(၅)ဆက်လက်တိုက်ခိုက်၊ တစ်ရက်တည်း စစ်ကောင်စီလက်ပါးစေ ဦးသေ

စစ်ကောင်စီတပ်နှင့် BGF တပ်များကလည်း ဒေသခံများ နေထိုင်ရာနေရာများသို့ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဒေသခံများကို ခြိမ်းခြောက်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေရှိ စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF) တပ်ကို တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း တပ်မဟာ(၅)က ယနေ့ထုတ်ပြန်သည်။

ဖာပွန်ခရိုင်အတွင်း ဇန်နဝါရီ ၂၂ရက်က စစ်ရေးအခြေအနေကို ဖော်ပြရာ ယင်းနေ့တစ်ရက်တည်း စစ်ကောင်စီနှင့်ပတ်သက်သည့် ပစ်မှတ်ခြောက်ခုထက်မနည်းကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီလက်အောက်ခံ BGF၏ ဃော်ဝါးထဒေသရှိ လမ်းဂိတ်စောင့်တပ်များကို တပ်မဟာ(၅)တပ်ဖွဲ့ဝင်များကတိုက်ခိုက်ခဲ့ရာ ဖာပွန်ခရိုင်အနောက်ဘက်ကမ်းဒေသနှင့်သစ်တပင်ကုန်းတပ်စခန်း တိုက်ခိုက်မှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်မှ လေးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့အပြင်လလွယ်မူပလောဒေသ၌ တစ်ကြိမ်၊ ထီးတကလို ကုန်းဒေသ၌ တစ်ကြိမ်၊ ဝါးပလားခို ဒေသ၌ တစ်ကြိမ်ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က လေးဦးသေပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်နှင့် BGF တပ်များကလည်း ဒေသခံများ နေထိုင်ရာနေရာများသို့ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဒေသခံများကို ခြိမ်းခြောက်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook