Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကပ်ရောဂါ မရှိတဲ့ နိုင်ငံကို သွားမယ့် ထောက်ပံ့ရေး သင်္ဘောမှာ ရောဂါ ကူးစက်မှုတွေဖြစ်လို့ အခက်ကြုံ

ရေအောက်မီးတောင် ပေါက်ကွဲမှုအပြီး ဆူနာမီ ရေလှိုင်းဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ တွန်ဂါနိုင်ငံဆီ ဩစတြေးလျက ကယ်ဆယ် ထောက်ပံ့ရေး သင်္ဘောတစ်စီး စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။ ပစိဖိတ် ဒေသထဲက ကျွန်းနိုင်ငံငယ်လေး တွန်ဂါဟာ ကမ္ဘာပေါ်မှာ ရှားရှားပါးပါး ကျန်နေတဲ့ ကပ်ရောဂါ ကင်းစင်နယ်မြေ အနည်းအကျဉ်းထဲက တစ်ခုပါ။

ကပ်ရောဂါ ကင်းစင်တဲ့ နယ်မြေဆီ သွားရောက်တဲ့ ထောက်ပံ့ရေး သင်္ဘောပေါ်မှာ ရောဂါ ကူးစက်မှုတွေ ဖြစ်ပေါ်နေတဲ့နောက် လုပ်ငန်းပိုင်းဆိုင်ရာ ရှုပ်ထွေးမှုတွေ ကြုံတွေ့လာရပါတယ်။

ရေအောက်မီးတောင် ပေါက်ကွဲမှုအပြီး ဆူနာမီ ရေလှိုင်းဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ တွန်ဂါနိုင်ငံဆီ ဩစတြေးလျက ကယ်ဆယ် ထောက်ပံ့ရေး သင်္ဘောတစ်စီး စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။ ပစိဖိတ် ဒေသထဲက ကျွန်းနိုင်ငံငယ်လေး တွန်ဂါဟာ ကမ္ဘာပေါ်မှာ ရှားရှားပါးပါး ကျန်နေတဲ့ ကပ်ရောဂါ ကင်းစင်နယ်မြေ အနည်းအကျဉ်းထဲက တစ်ခုပါ။

အခုတော့ ဩစတြေးလျက စေလွှတ်လိုက်တဲ့ ရေတပ် သင်္ဘောပေါ်မှာ ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၂၀ ထက်မနည်း တွေ့ရှိခဲ့တဲ့နောက် အခြေအနေတွေ ရှုပ်ထွေးကုန်ပါတယ်။ ရေတပ်ရဲ့ HMAS Adelaide သင်္ဘောပေါ်မှာ အမှုထမ်း ၂၃ ဦး ရောဂါ ကူးစက် ခံထားရတာ တွေ့ရှိခဲ့ကြောင်း ဩစတြေးလျ ကာကွယ်ရေးဝန်ကြီး ပီတာ ဒတ်တန်က ပြောပါတယ်။ အဲဒီ သင်္ဘောဟာ ဇန်နဝါရီ ၂၁ ရက်က လူသားချင်း စာနာ ကူညီမှုဆိုင်ရာ အထောက်အပံ့ ပစ္စည်းတွေကို သယ်ဆောင်ပြီး ဘရစ္စဘိန်းမြို့ကနေ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ်တော့ ရောဂါ ဖြစ်နေတဲ့ အမှုထမ်းတွေကို သင်္ဘောပေါ်မှာ သီးသန့် ခွဲခြားထားပြီး ရောဂါလက္ခဏာ ပြင်းထန်သူ တစ်ယောက်မှ မတွေ့ရဘူးလို့ ဒတ်တန်က ဆိုပါတယ်။ ဩစတြေးလျ ရေတပ်က အခု အခြေအနေကို တွန်ဂါ အာဏာပိုင်တွေဆီ လှမ်းအသိပေးထားပြီး ဆိပ်ကမ်းကပ်ခွင့် ပေးမပေး မေးမြန်းထားပါတယ်။ တွန်ဂါမှာ ကမ်းကပ်ခွင့် ရရင်တော့ ဒေသခံတွေနဲ့ အထိအတွေ့ လုံးဝ မရှိစေဘဲ ပစ္စည်းတွေ ချပေးပြီး အမြန်ဆုံး ပြန်ထွက်ခွာဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

အခု သီတင်းပတ် အစောပိုင်းမှာလည်း ဂျပန်ကနေ တွန်ဂါကို ထောက်ပံ့ရေး ပစစဉ်းတွေ ပေးပို့မယ့် သင်္ဘောပေါ်မှာ အမှုထမ်းတွေ ရောဂါ ကူးစက်ထားကြောင်း စစ်ဆေး တွေ့ရှိတဲ့နောက် ခရီးစဉ်ကို ဆိုင်းငံ့ထားလိုက်ရပါတယ်။ ဂျပန်ဟာ တွန်ဂါဆီကို သောက်ရေတွေ ပထမအသုတ်အဖြစ် ပေးပို့ထားပြီးပါပြီ။

တွန်ဂါ ကမ်းလွန်းက ဟွန်ဂါတွန်ဂါ ဟွန်ဂါ ဟာဖိုင် ရေအောက်မီးတောင်ဟာ ဇန်နဝါရီ ၁၅ ရက်က အပြင်းအထန် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ မီးတောင် ပေါက်ကွဲရာက မှုတ်ထုတ်လိုက်တဲ့ ပြာမှုန်တွေဟာ တွန်ဂါ တစ်နိုင်ငံလုံး နီးပါးကို ဖုံးလွှမ်းသွားသလို နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းဒဏ်ကိုလည်း အပြင်းအထန် ခံစားခဲ့ရပါတယ်။

လောလောဆယ် တွန်ဂါမှာ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိဖို့က အရေးအကြီးဆုံး လိုအပ်ချက်တစ်ခု ဖြစ်နေဆဲပါ။ မီးတောင် ပေါက်ကွဲမှုအပြီး တွန်ဂါမှာ လုံးဝဥဿုံနီးပါး ပြတ်တောက်သွားတဲ့ ဆက်သွယ်ရေး ကွန်ရက်တွေကတော့ တဖြည်းဖြည်းချင်း ပြန်လည် ပြင်ဆင်လာနိုင်ပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားနားမှာ တောင်ကိုရီးယား ရေယာဉ်တစ်စီးပေါ်မှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှု ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးသွားမယ်လို့ တောင်ကိုရီးယား အစိုးရက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နဲ့ အီရန်တို့ကြား အရမ်းကို အပေါင်းလက္ခဏာဆန်တဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ဝက်လက်ဒေသက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့တာတွေ ဒီကနေ့ (ဧပြီ ၃)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်အပေါ် ရန်လိုမှု မရှိတဲ့ နိုင်ငံတွေရဲ့ သင်္ဘောတွေကို ဟောမုဇ် ရေလက်ကြားကနေ ဘေးကင်းကင်း ဖြတ်သန်းခွင့် ပေးမယ့် သဘောမျိုး အီရန်က ထုတ်ပြန်ခဲ့ပါတယ်။