Connect with us

Hi, what are you looking for?

News

ဖာပွန်ခရိုင်၌ ဇန်နဝါရီအတွင်း တိုက်ပွဲ ၃၀၀ကျော်ဖြစ်ပြီး စစ်ကောင်စီတပ်မှ ၂၀၀နီးပါးသေဟု KNUတပ်မဟာ(၅)ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီတပ်မှ သေဆုံးသူများအနက် ဒုတပ်ရင်းမှူးတစ်ဦးပါဝင်ပြီး ဒဏ်ရာရသူများထဲတွင် တပ်ရင်းမှူးနှစ်ဦး ပါဝင်သည်ဟု ဖော်ပြထားသည်။

သေဆုံးသူများတွင် ဒုတပ်ရင်းမှူးပါဝင်ပြီး တပ်ရင်းမှူး နှစ်ဦး ဒဏ်ရာရ၊ စစ်သုံးယာဉ် ၂၀ဖျက်ဆီးနိုင်ခဲ့ဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်များအကြား ပြီးခဲ့သည့် ဇန်နဝါရီက တိုက်ပွဲ ၃၂၂ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၉၄ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၂၀၀ ဦးရှိခဲ့သည်ဟု တပ်မဟာ(၅)က ယနေ့ ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ သေဆုံးသူများအနက် ဒုတပ်ရင်းမှူးတစ်ဦးပါဝင်ပြီး ဒဏ်ရာရသူများထဲတွင် တပ်ရင်းမှူးနှစ်ဦး ပါဝင်သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်၏ စစ်သုံးယာဉ် ၂၀စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး စစ်သုံးမြင်းလား ၄ကောင်ကို သုတ်သင်နိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဘက်ကလည်း သုံးဦး ကျဆုံးကာ ၁၂ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ထို့အပြင် စစ်ကောင်စီတပ်၏ မဆင်မခြင် ပစ်ခတ်မှုများကြောင့် အရပ်သား ပြည်သူ ၅ဦးသေဆုံးပြီး ၁၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က တပ်မဟာ(၅)နယ်မြေသို့ လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဇန်နဝါရီအတွင်း၌ လေယာဉ်ဖြင့် ဗုံးဆံ ၁၄လုံး ကြဲသွားကြောင်း၊ လက်နက်များဖြင့်လည်း အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီ၏ နယ်မြေချဲ့ထွင် စိုးမိုးချယ်လှယ်မှုများကြောင့် စစ်ကောင်စီနှင့်အတူ ၎င်း၏ လက်ကိုင်တုတ်ဖြစ်သည့် နယ်ခြားစောင့်တပ်(BGF)ကို KNLAက နေ့စဉ်လိုလို တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။