Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖာပွန်ခရိုင်၌ ဇန်နဝါရီအတွင်း တိုက်ပွဲ ၃၀၀ကျော်ဖြစ်ပြီး စစ်ကောင်စီတပ်မှ ၂၀၀နီးပါးသေဟု KNUတပ်မဟာ(၅)ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီတပ်မှ သေဆုံးသူများအနက် ဒုတပ်ရင်းမှူးတစ်ဦးပါဝင်ပြီး ဒဏ်ရာရသူများထဲတွင် တပ်ရင်းမှူးနှစ်ဦး ပါဝင်သည်ဟု ဖော်ပြထားသည်။

သေဆုံးသူများတွင် ဒုတပ်ရင်းမှူးပါဝင်ပြီး တပ်ရင်းမှူး နှစ်ဦး ဒဏ်ရာရ၊ စစ်သုံးယာဉ် ၂၀ဖျက်ဆီးနိုင်ခဲ့ဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်များအကြား ပြီးခဲ့သည့် ဇန်နဝါရီက တိုက်ပွဲ ၃၂၂ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၉၄ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၂၀၀ ဦးရှိခဲ့သည်ဟု တပ်မဟာ(၅)က ယနေ့ ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ သေဆုံးသူများအနက် ဒုတပ်ရင်းမှူးတစ်ဦးပါဝင်ပြီး ဒဏ်ရာရသူများထဲတွင် တပ်ရင်းမှူးနှစ်ဦး ပါဝင်သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်၏ စစ်သုံးယာဉ် ၂၀စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး စစ်သုံးမြင်းလား ၄ကောင်ကို သုတ်သင်နိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဘက်ကလည်း သုံးဦး ကျဆုံးကာ ၁၂ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ထို့အပြင် စစ်ကောင်စီတပ်၏ မဆင်မခြင် ပစ်ခတ်မှုများကြောင့် အရပ်သား ပြည်သူ ၅ဦးသေဆုံးပြီး ၁၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က တပ်မဟာ(၅)နယ်မြေသို့ လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဇန်နဝါရီအတွင်း၌ လေယာဉ်ဖြင့် ဗုံးဆံ ၁၄လုံး ကြဲသွားကြောင်း၊ လက်နက်များဖြင့်လည်း အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီ၏ နယ်မြေချဲ့ထွင် စိုးမိုးချယ်လှယ်မှုများကြောင့် စစ်ကောင်စီနှင့်အတူ ၎င်း၏ လက်ကိုင်တုတ်ဖြစ်သည့် နယ်ခြားစောင့်တပ်(BGF)ကို KNLAက နေ့စဉ်လိုလို တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။