Connect with us

Hi, what are you looking for?

News

ပေါက်နယ်တွင် ​ငွေ​တောင်းခံ​နေသည့် စခန်းမှူးနှင့် ပျူများကို တိုက်ခိုက်ခဲ့ဟု ​PDF​ပြော

“စစ်ခွေးစခန်းမှူး ရာဇူးမောင်ဦးဆောင်ပြီ ငွေညစ်နေတာ။သတင်းကြားတာနဲ့ ကျွန်တော်တို့ ဝင်တိုက်တာ”ဟု Southern Pauk PDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အိမ်ထောင်စုဇယားများစစ်ဆေးပြီး အဓမ္မငွေတောင်းခံနေသော စခန်းမှူးအပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း Southern Pauk PDF က ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ ပေါက်မြို့နယ် ကိုင်းလယ်အုပ်စုမှ ရဲစခန်းမှူးဦးဆောင်ကာ ရဲများနှင့် ပျူစောထီးများပူးပေါင်း၍ ကျေးရွာများမှ အိမ်ထောင်စုစာရင်းကို စစ်ဆေးကာငွေတောင်းသဖြင့် ဖေဖော်ဝါရီ ၆ ရက် ညနေ ၄နာရီခန့်က စန်းရေခုံကျေးရွာ စာသင်ကျောင်းဝန်းထဲ၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ၁၅ မိနစ်ကြာ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

“စစ်ခွေးစခန်းမှူး ရာဇူးမောင်ဦးဆောင်ပြီ ငွေညစ်နေတာ။သတင်းကြားတာနဲ့ ကျွန်တော်တို့ ဝင်တိုက်တာ”ဟု Southern Pauk PDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဖြစ်စဥ်တွင် အကြမ်းဖက်စစ်တပ်၏ ရဲနှင့် ပျူစောထီးဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အသေးစိတ်ကိုဆက်လက်စုံစမ်းနေသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

သွားရောက်တိုက်ခိုက်ခဲ့သော Southern Pauk PDF တပ်ရင်း( ၂)မှ ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။