Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြင်သစ်ဆီကနေ အဆင့်မြင့် တိုက်လေယာဉ် ၄၂ စီး အင်ဒိုနီးရှား မှာယူ

Rafale ဂျက်တိုက်လေယာဉ်တွေကို ပြင်သစ်ရဲ့ Dassault Aviation လေကြောင်း နည်းပညာ ကုမ္ပဏီကြီးက ထုတ်လုပ်နေတာပါ။ အခု သဘောတူညီမှုကို အခြေခံပြီး အနာဂတ် အင်ဒိုနီးရှားမှာ ကုမ္ပဏီရဲ့ လုပ်ငန်းတွေ ပိုမို ဖြန့်ကျက်နိုင်ဖို့ မျှော်လင့်ကြောင်း Dassault Aviationကလည်း ထုတ်ပြန်ပါတယ်။

ပြင်သစ် နိုင်ငံက ထုတ်လုပ်တဲ့ Rafale အဆင့်မြင့် တိုက်လေယာဉ် ၄၂ စီးကို အင်ဒိုနီးရှား စစ်တပ်က ဝယ်ယူ အားဖြည့်သွားမယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားအတွက် Rafale တိုက်လေယာဉ်တွေ တင်ပို့သွားမယ့် သတင်းကို ပြင်သစ် ကာကွယ်ရေး ဝန်ကြီး ဖလောရင့်စ် ပါလေက ဖေဖော်ဝါရီ ၁၀ ရက်မှာ အတည်ပြုခဲ့ပါတယ်။ လေယာဉ်တွေ ရောင်းချပေးဖို့ကိစ္စ ဆွေးနွေးနေမှုတွေ အလုံးစုံ ပြီးပြတ်ပြီး တရားဝင် သဘောတူညီမှု ရရှိသွားပြီလို့ ပါလေက Twitterမှာ ရေးသားထားခဲ့ပါတယ်။

Rafale ဂျက်တိုက်လေယာဉ်တွေကို ပြင်သစ်ရဲ့ Dassault Aviation လေကြောင်း နည်းပညာ ကုမ္ပဏီကြီးက ထုတ်လုပ်နေတာပါ။ အခု သဘောတူညီမှုကို အခြေခံပြီး အနာဂတ် အင်ဒိုနီးရှားမှာ ကုမ္ပဏီရဲ့ လုပ်ငန်းတွေ ပိုမို ဖြန့်ကျက်နိုင်ဖို့ မျှော်လင့်ကြောင်း Dassault Aviationကလည်း ထုတ်ပြန်ပါတယ်။

ပြင်သစ်ဟာ အင်ဒို-ပစိဖိတ် ဒေသမှာ မဟာမိတ်သစ်တွေ ပိုမို ဖြန့်ကျက် ရှာဖွေနေပြီး အင်ဒိုနီးရှားက မျက်စိကျစရာ အကောင်းဆုံး နိုင်ငံတစ်ခု ဖြစ်နေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အင်ဒိုနီးရှားဟာ လေယာဉ်တွေ ဝယ်ယူခဲ့တဲ့အပြင် ပြင်သစ်နဲ့ ရေငုပ်သင်္ဘောတွေ ထုတ်လုပ်ရေး ကဏ္ဍမှာပါ ပူးပေါင်း ဆောင်ရွက်သွားဖို့ ကတိပြုခဲ့တယ်လို့ ပါလေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့နှစ်က ဩစတြေးလျဟာ ပြင်သစ်ဆီကနေ ရေငုပ်သင်္ဘောတွေ မှာယူထားတဲ့ စာချုပ်ကို ဖျက်သိမ်းပြီး အမေရိကန်ရဲ့ ရေငုပ်သင်္ဘောတွေ ပြောင်းလဲ ဝယ်ယူဖို့ ဆုံးဖြတ်လိုက်ခြင်းကြောင့် အနောက်အုပ်စု မဟာမိတ် နိုင်ငံတွေကြားမှာ သံတမန်ရေးရာ တင်းမာမှုတွေ ဖြစ်ခဲ့ပါသေးတယ်။

အင်ဒိုနီးရှားနဲ့ ပြင်သစ်တို့ရဲ့ မဟာဗျူဟာ လက်တွဲ ဆောင်ရွက်မှုတွေဟာ နှစ်နိုင်ငံ ကာကွယ်ရေး ကဏ္ဍအရ ပူးပေါင်း ဆောင်ရွက်မှုတွေကို ပိုမို အားကောင်းလာစေဖို့ မျှော်လင့်ကြောင်းလည်း ပါလေက ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပထမဆုံး ပိုင်ဆိုင်ခွင့် ရလာမယ့် လေယာဉ်တင် သင်္ဘောကြီး ဆိုက်ရောက်လာမှုကို အင်ဒိုနီးရှားက ကြိုဆိုခဲ့ပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ကူးတို့ရေယာဉ် တိမ်းမှောက်မှုကြောင့် အနည်းဆုံး ၆ ဦးသေပြီး ၁၃၀ လောက် ပျောက်ဆုံးနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံမှာ ရထားတစ်စီး သံလမ်းချော်မှု ဖြစ်ပွားပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။