Connect with us

Hi, what are you looking for?

News

ဒေသအချို့ နယ်မြေစိုးမိုးမှုရှိလာ၍ ပြည်သူ့အုပ်ချုပ်ရေးအာဏာတည်နိုင်ရန် ဆောင်ရွက်မည်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

ယနေ့(ဖေဖော်ဝါရီ ၁၀ရက်)ကျင်းပခဲ့သော KIA အုပ်ချုပ်ရေးအတွေ့အကြုံများ ရှင်းလင်းမျှဝေခြင်းဆွေးနွေးပွဲတွင် ဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းဆွေးနွေးပွဲသို့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်လည်း တက်ရောက်ခဲ့သည်။

သစ်သားအိမ်အောက်တွင် ဝန်ကြီးဦးလွင်ကိုလတ် အစည်းအဝေးတက်နေပုံကို ထုတ်ပြ

နယ်မြေစိုးမိုးမှု အထိုက်အလျောက် ရရှိနေပြီဖြစ်သော ဒေသများတွင် ပြည်သူ့အုပ်ချုပ်ရေးအာဏာတည်နိုင်ရန် ဦးစားပေး ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၁၀ရက်)ကျင်းပခဲ့သော KIA အုပ်ချုပ်ရေးအတွေ့အကြုံများ ရှင်းလင်းမျှဝေခြင်းဆွေးနွေးပွဲတွင် ဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းဆွေးနွေးပွဲသို့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်လည်း တက်ရောက်ခဲ့သည်။

ဓာတ်ပုံနှင့်တကွ သတင်းထုတ်ပြန်ချက်တွင် ဝန်ကြီးဦးလွင်ကိုလတ်က ကြီးကျယ်ခမ်းနားခြင်းမရှိသည့် သစ်သားအိမ်တစ်လုံးအောက်တွင် အစည်းအဝေးတက်ရောက်နေသည်ကို တွေ့ရသည်။

Public Service Announcement

Public Service Announcement

အထက်ပါဆွေးနွေးပွဲတွင် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အုပ်ချုပ်ရေးနှင့် စီမံရေး၊ တရားစီရင်ရေးနှင့် အခွန်ကောက်ခံရေး ကိစ္စရပ်တို့ကို စစ်ရေးနှင့် ဟန်ချက်ညီအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးလွင်ကိုလတ်က ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ အကျဉ်းကို ရှင်းလင်းဆွေးနွေးခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

ထို့နောက် အမှတ်(၁) စစ်ဒေသ စစ်ဒေသမှူးမှ KIA ၏ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံများကို မျှဝေပေးခဲ့ပြီး အခွန်ကောက်ခံရေးဆိုင်ရာ၊ တရားစီရင်ရေးဆိုင်ရာ ကဏ္ဍနှင့် လူထုစည်းရုံးရေး ကဏ္ဍများအတွက် အကြံပြုချက်များ တင်ပြဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။