Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေသအချို့ နယ်မြေစိုးမိုးမှုရှိလာ၍ ပြည်သူ့အုပ်ချုပ်ရေးအာဏာတည်နိုင်ရန် ဆောင်ရွက်မည်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

ယနေ့(ဖေဖော်ဝါရီ ၁၀ရက်)ကျင်းပခဲ့သော KIA အုပ်ချုပ်ရေးအတွေ့အကြုံများ ရှင်းလင်းမျှဝေခြင်းဆွေးနွေးပွဲတွင် ဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းဆွေးနွေးပွဲသို့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်လည်း တက်ရောက်ခဲ့သည်။

သစ်သားအိမ်အောက်တွင် ဝန်ကြီးဦးလွင်ကိုလတ် အစည်းအဝေးတက်နေပုံကို ထုတ်ပြ

နယ်မြေစိုးမိုးမှု အထိုက်အလျောက် ရရှိနေပြီဖြစ်သော ဒေသများတွင် ပြည်သူ့အုပ်ချုပ်ရေးအာဏာတည်နိုင်ရန် ဦးစားပေး ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၁၀ရက်)ကျင်းပခဲ့သော KIA အုပ်ချုပ်ရေးအတွေ့အကြုံများ ရှင်းလင်းမျှဝေခြင်းဆွေးနွေးပွဲတွင် ဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းဆွေးနွေးပွဲသို့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်လည်း တက်ရောက်ခဲ့သည်။

ဓာတ်ပုံနှင့်တကွ သတင်းထုတ်ပြန်ချက်တွင် ဝန်ကြီးဦးလွင်ကိုလတ်က ကြီးကျယ်ခမ်းနားခြင်းမရှိသည့် သစ်သားအိမ်တစ်လုံးအောက်တွင် အစည်းအဝေးတက်ရောက်နေသည်ကို တွေ့ရသည်။

Public Service Announcement

Public Service Announcement

အထက်ပါဆွေးနွေးပွဲတွင် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အုပ်ချုပ်ရေးနှင့် စီမံရေး၊ တရားစီရင်ရေးနှင့် အခွန်ကောက်ခံရေး ကိစ္စရပ်တို့ကို စစ်ရေးနှင့် ဟန်ချက်ညီအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးလွင်ကိုလတ်က ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ အကျဉ်းကို ရှင်းလင်းဆွေးနွေးခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

ထို့နောက် အမှတ်(၁) စစ်ဒေသ စစ်ဒေသမှူးမှ KIA ၏ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံများကို မျှဝေပေးခဲ့ပြီး အခွန်ကောက်ခံရေးဆိုင်ရာ၊ တရားစီရင်ရေးဆိုင်ရာ ကဏ္ဍနှင့် လူထုစည်းရုံးရေး ကဏ္ဍများအတွက် အကြံပြုချက်များ တင်ပြဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။