Connect with us

Hi, what are you looking for?

ဗီဒီယို

ရေပိုင်နက် ကျူးကျော်ကြောင်း ရုရှား စွပ်စွဲချက်ကို အမေရိကန်ငြင်း

ပစိဖိတ် သမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ ရုရှား ရေပြင်မှာ အမေရိကန် ရေငုပ်သင်္ဘော တစ်စီးက ဝင်ရောက် လှုပ်ရှားခဲ့တာကြောင့် ရုရှား ရေတပ် စစ်သင်္ဘော တစ်စီးက ခြေရာခံ စောင့်ကြည့်ခဲ့ရကြောင်း ရုရှားက ပြောပါတယ်။

ရေပိုင်နက် ကျူးကျော်ပြီး ခိုးဝင်ခဲ့တယ်ဆိုတဲ့ ရုရှားရဲ့ စွပ်စွဲချက်တွေကို အမေရိကန်က တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

ပစိဖိတ် သမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ ရုရှား ရေပြင်မှာ အမေရိကန် ရေငုပ်သင်္ဘော တစ်စီးက ဝင်ရောက် လှုပ်ရှားခဲ့တာကြောင့် ရုရှား ရေတပ် စစ်သင်္ဘော တစ်စီးက ခြေရာခံ စောင့်ကြည့်ခဲ့ရကြောင်း ရုရှားက ပြောပါတယ်။

ယူကရိန်း အရေးနဲ့ ပတ်သက်လို့ ရုရှားနဲ့ အနောက်အုပ်စုတို့ကြား တင်းမာမှုတွေ အမြင့်ဆုံး ဖြစ်နေချိန်မှာ ရုရှားက အမေရိကန်ကို အခုလို စွပ်စွဲလိုက်တာ ဖြစ်ပါတယ်။ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆိုကို ကိုးကားပြီး Interfax သတင်းဌာနက ဖော်ပြရာမှာ အမေရိကန် ရေငုပ်သင်္ဘောရဲ့ လှုပ်ရှားမှုကို ရုရှား စစ်ရေယာဉ်က ထောက်လှမ်းမိခဲ့ကြောင်း၊ ဒါကြောင့် ရေပေါ် တက်လာဖို့ ညွှန်ကြားခဲ့ပေမယ့် အမေရိကန်ဖက်က မျက်ကွယ် ပြုထားခဲ့ကြောင်း၊ နောက်ဆုံးမှာ ရုရှား ရေပိုင်နက်ကနေ ထွက်ခွာသွားတဲ့ထိ အမေရိကန် ရေငုပ်သင်္ဘောကို လိုက်ပါ ဖိအားပေးခဲ့ကြောင်း ပါရှိပါတယ်။

ဒါပေမဲ့ အမေရိကန်ရေတပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ကြီး ကိုင်းလ်ရေးနက်စ်ကတော့ ရုရှား အနေနဲ့ လုပ်ကြံ ပြောဆိုနေတာသာ ဖြစ်ပြီး အမေရိကန် ရေငုပ်သင်္ဘောက သူတို့ ရေပိုင်နက်ထဲမှာ စစ်ဆင်ရေး သွားရောက် လုပ်ဆောင်ဖို့ ဘာအကြောင်းမှ မရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူတို့ ရေငုပ်သင်္ဘောတွေရဲ့ တည်နေရာကိုတော့ ထုတ်မပြောလိုကြောင်း၊ ဒါပေမဲ့ သေချာပေါက် အတည်ပြုနိုင်တာက အမေရိကန် စစ်လေယာဉ်၊ ရေယာဉ်တွေဟာ နိုင်ငံတကာ ရေပိုင်နက်၊ လေပိုင်နက်တွေမှာပဲ လွတ်လွတ်ကျွတ်ကျွတ် လှုပ်ရှားလေ့ရှိကြောင်းလည်း ရေးနက်စ်က ဆိုပါတယ်။

ရုရှားဖက်ကတော့ သူတို့ရဲ့ ဖရီးဂိတ် စစ်သင်္ဘော Marshal Shaposhnikovဟာ အခုသီတင်းပတ်ကုန် ဖြစ်စဉ်မှာ အမေရိကန် ရေငုပ်သင်္ဘောကို ရေပိုင်နက်ထဲက ထွက်ခွာသွားရအောင် စည်းမျဉ်း ဘောင်တွေ အတွင်းက စနစ်တကျ လုပ်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားထားပါတယ်။ ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်ကိုလည်း အသိပေး ကန့်ကွက်ထားတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်တို့ဟာ ယူကရိန်းနဲ့ ရုရှားတို့ စစ်ပွဲ ဖြစ်ပွားလာနိုင်ခြေတွေနဲ့ ပတ်သက်လို့ နာရီပေါင်း အတော်ကြာတဲ့ထိ ဖုန်းဆက် ဆွေးနွေးခဲ့ကြကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။