Connect with us

Hi, what are you looking for?

News

က​လေးမြို့ပြည်သူ့ရဲတပ်ဖွဲ့နှင့် PDFက​ မူး​ယစ်​ဆေးဝါး​ရောင်းဝယ်သုံးစွဲသူ ၉ ဦးကို ဖမ်းဆီးအ​ရေးယူ

ဖမ်းဆီးရမိသည် ၉ဦးလုံးကို ထိန်းသိမ်းထားပြီးထိရောက်သောပြစ်ဒဏ်များချမှတ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟုလည်း ပါရှိသည်။

(မူးယစ်​ဆေးဝါး​ရောင်းဝယ်သုံးစွဲသူများကို က​လေးမြို့ ပြည်သူ့ရဲနှင့် ကာကွယ်​ရေးအဖွဲ့ကဖမ်းဆီးအ​ရေးယူစဥ်။ ဓါတ်ပုံ-က​လေး PDF)

ကလေးမြို့နယ်အတွင်း မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူ ​လေးဦးနှင့် သုံးစွဲသူ ငါးဦးတို့ကို သက်သေခံပစ္စည်းများဖြင့် ဖမ်းဆီးအ​ရေးယူလိုက်ကြောင်း ကလေးမြို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ -PDF(ကလေး) နှင့်ကလေးမြို့ပြည်သူရဲတပ်ဖွဲ့ (KPS)တို့က ယနေ့ သတင်းထုတ်ပြန်သည်။

PDF(ကလေး)၊ KPS တို့နှင့်အတူ နတ်ချောင်းကျေးရွာနှင့်နတ်မြောင်းကျေးရွာများမှ ကာကွယ်ရေးအဖွဲ့များက ဖေဖော်ဝါရီ ၁၁ ရက် နှင့် ၁၂ ရက်များတွင်​ ကျေးရွာများသို့ သွားရောက်ရှာဖွေခဲ့ရာတွင် ဖမ်းဆီးရမီခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(မူးယစ်​ဆေးဝါး​ရောင်းဝယ်သုံးစွဲသူများကို က​လေးမြို့ ပြည်သူ့ရဲနှင့် ကာကွယ်​ရေးအဖွဲ့ကဖမ်းဆီးအ​ရေးယူစဥ်။ ဓါတ်ပုံ-က​လေး PDF)

ဖမ်းဆီးရမိသည် ၉ဦးလုံးကို ထိန်းသိမ်းထားပြီးထိရောက်သောပြစ်ဒဏ်များချမှတ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟုလည်း ပါရှိသည်။

ကလေးမြို့ပြည်သူရဲလုပ်ငန်းဝန်ဆောင်မှုအတွင်း ကလေးဒေသအခြေပြု CDMဆောင်ရွက်ထားသည့် ရဲတပ်ဖွဲ့ဝင်များဖြင့် ၂၀၂၁ ဒီဇင်ဘာ ၆ရက်တွင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ က​လေးမြို့ ပြည်သူ့ရဲတပ်ဖွဲ့ သည် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကိုဆောင်ရွက်ရန်အတွက်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။