Connect with us

Hi, what are you looking for?

LuduNwayOo

News

က​လေးမြို့ပြည်သူ့ရဲတပ်ဖွဲ့နှင့် PDFက​ မူး​ယစ်​ဆေးဝါး​ရောင်းဝယ်သုံးစွဲသူ ၉ ဦးကို ဖမ်းဆီးအ​ရေးယူ

ဖမ်းဆီးရမိသည် ၉ဦးလုံးကို ထိန်းသိမ်းထားပြီးထိရောက်သောပြစ်ဒဏ်များချမှတ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟုလည်း ပါရှိသည်။

(မူးယစ်​ဆေးဝါး​ရောင်းဝယ်သုံးစွဲသူများကို က​လေးမြို့ ပြည်သူ့ရဲနှင့် ကာကွယ်​ရေးအဖွဲ့ကဖမ်းဆီးအ​ရေးယူစဥ်။ ဓါတ်ပုံ-က​လေး PDF)

ကလေးမြို့နယ်အတွင်း မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူ ​လေးဦးနှင့် သုံးစွဲသူ ငါးဦးတို့ကို သက်သေခံပစ္စည်းများဖြင့် ဖမ်းဆီးအ​ရေးယူလိုက်ကြောင်း ကလေးမြို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ -PDF(ကလေး) နှင့်ကလေးမြို့ပြည်သူရဲတပ်ဖွဲ့ (KPS)တို့က ယနေ့ သတင်းထုတ်ပြန်သည်။

PDF(ကလေး)၊ KPS တို့နှင့်အတူ နတ်ချောင်းကျေးရွာနှင့်နတ်မြောင်းကျေးရွာများမှ ကာကွယ်ရေးအဖွဲ့များက ဖေဖော်ဝါရီ ၁၁ ရက် နှင့် ၁၂ ရက်များတွင်​ ကျေးရွာများသို့ သွားရောက်ရှာဖွေခဲ့ရာတွင် ဖမ်းဆီးရမီခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(မူးယစ်​ဆေးဝါး​ရောင်းဝယ်သုံးစွဲသူများကို က​လေးမြို့ ပြည်သူ့ရဲနှင့် ကာကွယ်​ရေးအဖွဲ့ကဖမ်းဆီးအ​ရေးယူစဥ်။ ဓါတ်ပုံ-က​လေး PDF)

ဖမ်းဆီးရမိသည် ၉ဦးလုံးကို ထိန်းသိမ်းထားပြီးထိရောက်သောပြစ်ဒဏ်များချမှတ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟုလည်း ပါရှိသည်။

ကလေးမြို့ပြည်သူရဲလုပ်ငန်းဝန်ဆောင်မှုအတွင်း ကလေးဒေသအခြေပြု CDMဆောင်ရွက်ထားသည့် ရဲတပ်ဖွဲ့ဝင်များဖြင့် ၂၀၂၁ ဒီဇင်ဘာ ၆ရက်တွင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ က​လေးမြို့ ပြည်သူ့ရဲတပ်ဖွဲ့ သည် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကိုဆောင်ရွက်ရန်အတွက်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

"ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်"ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။