Connect with us

Hi, what are you looking for?

ဗီဒီယို

ယူကရိန်းကို ကျူးကျော်ပြီးရင် သုတ်သင်ရမယ့် လူစာရင်း ရုရှား ကြိုပြုစုထားတယ်လို့ အမေရိကန်ပြော

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို လိပ်မူပြီး အမေရိကန်က ပေးပို့ထားတဲ့ အကြောင်းကြားစာထဲမှာ ရုရှား စစ်ဘက် အနေနဲ့ သုတ်သင်ဖို့၊ ဒါမှမဟုတ် အကျဉ်းစခန်းတွေကို ပို့ဆောင်ဖို့ ရည်ရွယ်ထားတဲ့ ယူကရိန်း နိုင်ငံသား စာရင်းကို ပြုစုထားပြီးဖြစ်ကြောင်း ဖော်ပြ ပါရှိနေပါတယ်။

ကျူးကျော်စစ် စတင်ပြီးတာနဲ့ ရုရှားဟာ ကြိုတင် စာရင်းပြုစု ရွေးချယ်ထားတဲ့ ယူကရိန်း နိုင်ငံသားတွေကို ပစ်မှတ်ထား သတ်ဖြတ်တာတွေ ဖြစ်လာနိုင်ကြောင်း အမေရိကန်က ပြောကြားခဲ့ပါတယ်။

စစ်ထောက်လှမ်းရေး သတင်းတွေအရ ရုရှားဟာ ယူကရိန်းကို ကျူးကျော် သိမ်းပိုက်ပြီးတာနဲ့ သုတ်သင်ဖို့၊ ဒါမှမဟုတ် ဖမ်းဆီး အကျဉ်းချဖို့ လူစာရင်းတွေ ကြိုတင် ပြုစုထားကြောင်း အမေရိကန် အာဏာပိုင်တွေက ကုလသမဂ္ဂကို သတိပေးခဲ့ပါတယ်။ ယူကရိန်းကိုသာ ရုရှားက ကျူးကျော်ခဲ့မယ်ဆိုရင် ဆိုးရွားလွန်းတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြုံလာလိမ့်မယ်လို့လည်း အမေရိကန်က ဆိုပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို လိပ်မူပြီး အမေရိကန်က ပေးပို့ထားတဲ့ အကြောင်းကြားစာထဲမှာ ရုရှား စစ်ဘက် အနေနဲ့ သုတ်သင်ဖို့၊ ဒါမှမဟုတ် အကျဉ်းစခန်းတွေကို ပို့ဆောင်ဖို့ ရည်ရွယ်ထားတဲ့ ယူကရိန်း နိုင်ငံသား စာရင်းကို ပြုစုထားပြီးဖြစ်ကြောင်း ဖော်ပြ ပါရှိနေပါတယ်။

ဒါ့အပြင် ကျူးကျော်စစ်အပြီး ယူကရိန်းမှာ ရုရှား အကောင်အထည်ဖော်မယ့် အစီအစဉ်တွေက ညှင်းပန်း နှိပ်စက်တာတွေ၊ အစဖျောက်တာတွေ ပါဝင်နိုင်ပြီး အဆိုးဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြုံလာနိုင်တယ်လို့ ကုလသမဂ္ဂ၊ ဂျနီဗာဌာနရဲ့ အမေရိကန် ကိုယ်စားလှယ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဖက်မှာလည်း အမေရိကန်ဟာ ရုရှား-ယူကရိန်း စစ်ပွဲကို သံတမန်ရေး နည်းလမ်းတွေနဲ့ ရှောင်လွှဲနိုင်ဖို့ မျှော်လင့်ချက်ကို လက်မလျှော့သေးပါဘူး။ ပြင်သစ်ရဲ့ ကြားဝင် စေ့စပ်ပေးမှုအရ တကယ်လို့ ရုရှားက ယူကရိန်းကို စစ်မတိုက်ဘူးဆိုရင် ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က လက်ခံထားကြောင်းလည်း သိရှိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။