ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ဗညားဒလလမ်းမကြီးပေါ် တွင် စစ်အာဏာရှင် ဖြုတ်ချရေးအတွက် လူငယ်များနှင့် ပြည်သူများစုဝေး၍ ယနေ့ (ဇူလိုင် ၁၂ ရက်) ညနေပိုင်း၌ မီးတုတ်များကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်။
ယင်းသပိတ်တွင် မြို့နယ်အသီးသီးမှ လူငယ်များနှင့် ပြည်သူ၁၀၀ ကျော်ပူးပေါင်းပါဝင်ကာ ဒီမ်ိုကရေစီ ရရှိစေရေးကြွေးကြော်၍ ချီတက် ဆန္ဒပြခဲ့ကြသည်။
မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းပိုက်ထားသည်မှာ ယနေ့ ၁၆၂ ရက် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။