Connect with us

Hi, what are you looking for?

News

KNU နယ်မြေထဲ ဒီလအတွင်းဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်အုပ်စုဘက်က နှစ်ရာကျော်သေဆုံးခဲ့တယ်လို့ ဆို

တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်ထဲမှာတော့ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေဟာ ကျေးရွာတွေနဲ့ လယ်ယာလုပ်ငန်းခွင်အတွင်းကို လက်နက်ကြီးနဲ့ နေ့စဉ်လိုလိုပစ်ချတာတွေရှိနေတယ်လို့ သိရပါတယ်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်မှုနယ်မြေမှာ ဖေဖေါ်ဝါရီလအတွင်း KNLA KNDO နဲ့ စစ်ကောင်စီ BGF တို့အကြား ထိတွေ့ပစ်ခတ်မှုပေါင်း ၆၇ ကြိမ် ကျော်ဖြစ်ပွားခဲ့ပြီးစစ်အုပ်စုဘက်က နှစ်ရာကျော် သေဆုံးသွားခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

ရက်ပေါင်း ၂၀ ဖြစ်ပွားတဲ့တိုက်ပွဲတွေဖြစ်ပြီး ၁၅၉ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ဘက်ကတော့ ၅ ဦးအသက်ဆုံးရှုံးခဲ့ရပြီး ၂၁ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကေအဲန်ယူ သထုံခရိုင် ဖားအံနဲ့ ကျိုက်ထိုမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်(BGF)တွေဟာ ပြည်သူလူထုနေထိုင်ရာ ကျေးရွာနဲ့ လယ်ယာလုပ်ငန်းခွင်ထဲကို လက်နက်ကြီးနဲ့မကြာခဏ ရမ်းသမ်းပစ်ခတ်ခဲ့ကြတဲ့အပြင် ဒေသခံလူထုတွေကို ခြောက်လှန့်ပြီး ငွေကြေးအတင်းအဓမ္မတောင်းခံတာ၊ အစားအစာနဲ့ပစ္စည်းတွေကို သိမ်းယူတာ၊ အဓမ္မစေခိုင်းတာတွေပြုလုပ်ခဲ့ကြတယ်လို့ ကေအဲန်ယူက ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဒီလ ရက် ၂၀ အတွင်းမှာ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တို့ဘက်က လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်ခဲ့လို့ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့သေးသလို အချို့သောကျေးရွာက ပြည်သူလူထုတွေဟာ တောတောင်ထဲကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာဖြစ်ပါတယ်။

Public Service Announcement

ကေအဲန်ယူ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ မှာတော့ ကျောက်ကြီး မုန်း ဆောထိမြို့နယ်သုံးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေဟာ ပြည်သူလူထုတွေကို စစ်ဆေးမေးမြန်းမှုတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် ဒေသခံပြည်သူတွေဟာ လုပ်ကိုင်သွားလာရာမှာ လွတ်လပ်မှုမရှိတော့ဘူးလို့ ကေအဲန်ယူက ဆိုထားပါသေးတယ်။

ညောင်လေးပင်ခရိုင်ထဲက မြို့နယ်သုံးမြို့နယ်အတွင်းမှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်သူအချို့ဟာ တောတောင်ထဲကို ထွက်ပြေးတိမ်းရှောင်နေရတာတွေလည်း ရှိနေတာပါ။

တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်ထဲမှာတော့ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေဟာ ကျေးရွာတွေနဲ့ လယ်ယာလုပ်ငန်းခွင်အတွင်းကို လက်နက်ကြီးနဲ့ နေ့စဉ်လိုလိုပစ်ချတာတွေရှိနေတယ်လို့ သိရပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက်ကနေ ၂၀ ရက်အထိ ဖာပွန်ခရိုင် ဒွယ်လိုးနဲ့ လူသောမြို့နယ်ထဲကို စစ်ကောင်စီက လေယာဉ်နဲ့ ​ဗုံး ၇ လုံး လာရောက်ကြဲချခဲ့ပြီး ဒေသခံပြည်သူ ၄ ဦး သေဆုံးခဲ့ကာ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သလို ဒွယ်လိုးနဲ့ ဘူးသိုမြို့နယ်ထဲက ကျေးရွာအချို့က ပြည်သူလူထုတွေဟာ တောတောင်ထဲကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

Facebook