Connect with us

Hi, what are you looking for?

News

ကနီမြို့နယ်က PDF ရဲဘော်တစ်ဦးစျာပနတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ

အဆိုပါ စျာပန အခမ်းအနားသို့ ပြည်သူအများအပြား လိုက်ပါပို့ဆောင်ခဲ့ပြီး ရဲဘော်ချဲလေး၏ အုတ်ဂူ၌ နှင်းဆီပန်းများခြကာ ဂုဏ်ပြုခဲ့ကြသည်။

ဓာတ်ပုံ - ပြည့်အောင်နိုင်(ကနီ)

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့နယ်တွင် ယနေ့ (ဖေဖော်ဝါရီ ၂၆) နေ့လယပိုင်းက အင်းပေါင်းတိုက်ပွဲ၌ တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့သည့် ပြည်သူ့ရဲဘော် ချဲလေး၏ စျာပနအခမ်းအနားတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ပြုလုပ်ခဲ့ကြသည်။

အဆိုပါ စျာပန အခမ်းအနားသို့ ပြည်သူအများအပြား လိုက်ပါပို့ဆောင်ခဲ့ပြီး ရဲဘော်ချဲလေး၏ အုတ်ဂူ၌ နှင်းဆီပန်းများခြကာ ဂုဏ်ပြုခဲ့ကြသည်။

ထို့အပြင် ပြည်သူများသည် “စစ်အာဏာရှင်စနစ် အလိုမရှိ ၊ ကနီနယ်သားတွေ ညီသလားဟေ့ ၊ အရေးတော်ပုံအောင်ရမည်” စသည့် ကြွေးကြော်သံများဖြင့် အကြမ်းဖက် စစ်အာဏာရှင်ကို ဆန့်ကျင်​ကြောင်း ဆန္ဒပြခဲ့ကြသည်။

ယင်းသပိတ်စစ်ကြောင်းကို ဒေသခံ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PDFများက ဆန္ဒပြပြည်သူများ၏ လုံခြုံရေးအတွက် ဝန်းရံအားဖြည့်ပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ