Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားကို ဝင်မကူဖို့ တရုတ်ကို အမေရိကန် သတိပေး

ရုရှားက အကူအညီ တောင်းနေတယ်ဆိုတဲ့ အမေရိကန် စွပ်စွဲချက်တွေကို တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်မပြုခဲ့ပါဘူး။ ဒါ့အပြင် တရုတ်နဲ့ ပတ်သက်လို့ နိုင်ငံတကာမှာ အထင်အမြင် လွဲမှားသွားအောင် အမေရိကန်က ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်နေတယ်လို့ တန်ပြန် စွပ်စွဲခဲ့ပါတယ်။

အရေးယူ ပိတ်ဆို့မှုတွေကြောင့် အကျပ်ရိုက်နေတဲ့ ရုရှား အစိုးရကို အကူအညီပေးရင် နောက်ဆက်တွဲ အကျိုးဆက်တွေ ကြုံရစေမယ်လို့ တရုတ်ကို အမေရိကန်က သတိပေးလိုက်ပါတယ်။

ယူကရိန်း နိုင်ငံကို ကျူးကျော် စစ်ပြုခဲ့တဲ့နောက် ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ အစိုးရ အဖွဲ့ အရာရှိတွေ၊ ရုရှားက လုပ်ငန်းရှင် သူဌေးကြီးတွေနဲ့ ဘဏ်လုပ်ငန်းတွေ၊ ရေနံလုပ်ငန်းတွေကို အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပ သမဂ္ဂတို့က ပြင်းပြင်းထန်ထန် အရေးယူ ပိတ်ဆို့နေပါတယ်။

ဒီပိတ်ဆို့မှုတွေကြောင့် အကျပ်ရိုက်နေတဲ့ ရုရှား အစိုးရဟာ တရုတ်ကို ချဉ်းကပ် အကူအညီ တောင်းနေတယ်လို့ အမေရိကန်က ပြောပါတယ်။ တကယ်လို့ တရုတ်ကသာ ရုရှားကို အကူအညီတွေ ပေးလာမယ်ဆိုရင် တရုတ်လည်း ရုရှားလိုပဲ ဆိုးကျိုး ရိုက်ခတ်မှုတွေ ကြုံရစေမယ်လို့ အမေရိကန် အစိုးရရဲ့ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ ဂျိတ်ခ် ဆူလီဗန်က CNNနဲ့ အင်တာဗျူးမှာ မှတ်ချက် ပေးသွားခဲ့ပါတယ်။

ရုရှားက အကူအညီ တောင်းနေတယ်ဆိုတဲ့ အမေရိကန် စွပ်စွဲချက်တွေကို တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်မပြုခဲ့ပါဘူး။ ဒါ့အပြင် တရုတ်နဲ့ ပတ်သက်လို့ နိုင်ငံတကာမှာ အထင်အမြင် လွဲမှားသွားအောင် အမေရိကန်က ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်နေတယ်လို့ တန်ပြန် စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် သတင်းဌာနကတွေ ရုရှားဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တရုတ်ဆီက အကူအညီတွေ၊ အထူးသဖြင့် စစ်လက်နက်ပစ္စည်း ထောက်ပံ့မှုတွေ တောင်းခံခဲ့တယ်လို့ ဖော်ပြနေကြပါတယ်။ ဆူလီဗန်ကတော့ အမေရိကန်ဟာ ဘက်ပေါင်းစုံ ဖိအားပေး ပိတ်ဆို့ထားတဲ့ ရုရှားကို ဘယ်လိုနည်းနဲ့မှ လွတ်လမ်းရှာခွင့် ပေးမှာ မဟုတ်ဘူးလို့ သတိပေးခဲ့ပါတယ်။

ယူကရိန်း ကျူးကျော်စစ်ပွဲ မစခင် ကတည်းက ရုရှား သမ္မတ ပူတင်ဟာ တစ်ခုခု ကြိတ်ကြံနေမှန်း တရုတ် အစိုးရကလည်း သိရှိထားပြီး ဖြစ်နိုင်ကြောင်း၊ အခု အခြေအနေမှာ ဝင်ပါမိရင် ကြုံလာမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေကိုလည်း တရုတ်က နားလည်မယ်လို့ ယူဆကြောင်း ဆူလီဗန်က ပြောပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ရှောင်လီကျန်းကတော့ အမေရိကန်ဟာ ယူကရိန်း ပဋိပက္ခကို အကြောင်းပြုပြီး တရုတ်ကို အပုပ်ချ ဝေဖန် တိုက်ခိုက်တဲ့ ဝါဒဖြန့်မှုတွေ လုပ်ဆောင်နေတာသာ ဖြစ်တယ်လို့ တုံ့ပြန်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။