Connect with us

Hi, what are you looking for?

News

နောင်ချိုတိုက်ပွဲ စစ်ကြောင်းမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးသေဟု NUGကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

စစ်​ကောင်စီတပ်က တိုက်ခိုက်ခံရပြီး​နောက် ​လေ​ကြောင်းပစ်ကူအသုံးပြုခဲ့၍ တိုက်ပွဲဖြစ်ပွားရာ​နေရာ အနီးရှိ လားဟူရွာ ​ဒေသခံများ ​ရွေ့​ပြောင်း​နေထိုင်​နေရ​ကြောင်း ၎င်းက ဆက်လက်​ပြောသည်။

ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် စစ်ကောင်စီတပ်တို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကြောင်းမှုးအပါ အဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀)ဦး သေဆုံးကာ ၁၅ ဦး ခန့် ဒဏ်ရာ ရရှိခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။


မတ်လ(၁၃)ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး အပါအဝင် ၂၅ဦး သေဆုံးကာ ၁၅ဦး ဒဏ်ရာရခဲ့ကြောင်း၊ ယနေ့ မတ်လ ၁၄ရက်မနက်တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

စစ်ကောင်စီတပ်များ အကျအရှုံးများလာ၍ ရဟတ်ယာဉ်(၂)စီး ဖြင့် တိုက်ခိုက်ခဲ့ရာ ဗုံးသီးအလုံး(၃၀)ခန့် ကြဲချခြင်း၊ စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ကြောင်း၊ သို့ရာတွင် ပြည်သူ့ကာကွယ်ရေး တပ်သားများ အထိအခိုက်မရှိ ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

” သူတို့ဘက်က စစ်​ကြောင်းမှူးအပါ ၄၀​လောက်​သေတယ်။ PDFက တစ်ဦးဒဏ်ရာရတယ်။ အခု​တော့ သက်သာပါတယ်။ ကျွန်​တော်တို့လည်း ​နေရာ​ရွေ့ပြီး​နေပါပြီ” ဟု ​နောင်ချိုမြို့မှ PDF လူငယ်တစ်ဦးက People’s Spring သို့​ပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်က တိုက်ခိုက်ခံရပြီး​နောက် ​လေ​ကြောင်းပစ်ကူအသုံးပြုခဲ့၍ တိုက်ပွဲဖြစ်ပွားရာ​နေရာ အနီးရှိ လားဟူရွာ ​ဒေသခံများ ​ရွေ့​ပြောင်း​နေထိုင်​နေရ​ကြောင်း ၎င်းက ဆက်လက်​ပြောသည်။

” တိုက်ပွဲက ​နောင်ချိုမြို့​မြောက်ဘက်မှာ ဖြစ်တာ။ မြို့ကို သက်​ရောက်မှု​တော့မရှိ​သေးဘူး။ ဒါ​ပေမယ့် ​​ကြောက်လန့်တိတ်ဆိတ်​နေကြတယ်” ဟု ​နောင်ချိုမြို့​ဒေသခံက ​ပြောသည်။

ယခုရက်ပိုင်းအတွင်း​ဒေသအနှံရှိတိုက်ပွဲတွင် စစ်​ကောင်စီတပ်များ​သေဆုံး၊ဒဏ်ရာရမှုများ​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook