Connect with us

Hi, what are you looking for?

News

ဖယ်ခုံ ဆောင်ကန်းရွာတိုက်ပွဲတွင် လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည့် PDF ရဲဘော်နှစ်ဦး၏ ဈာပနပြုလုပ်

ဖယ်ခုံမြို့နယ်သူ၊ မြို့နယ်သားများသာမက တော်လှန်ရေးတွင် ပါဝင်နေကြသည့် ပြည်သူတစ်ရပ်လုံးက ရဲဘော်တို့အား အမှတ်ရနေမည်ဖြစ်ကြောင်း ဖယ်ခုံ PDF တပ်ဖွဲ့ဝင်များအနေဖြင့် ကျန်ရှိသည့် တာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ရှမ်း- ကယား နယ်စပ် ဖယ်ခုံမြို့နယ် ဆောင်ကန်းရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်နှစ်ဦး၏ ဈာပနကို ယနေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်ဟု ဖယ်ခုံ PDFက သတင်းထုတ်ပြန်သည်။

မတ်လ ၁၆ရက်က ဆောင်ကန်းရွာတိုက်ပွဲတွင် စစ်ကောင်ဏီတပ်ကို ခုခံရင်း ရဲဘော်သိန်းထူးနှင့် ရဲဘော်အောင်ကျော်တို့ လက်နက်ကြီးထိမှန် ကျဆုံးခဲ့ကြောင်း၊ ၎င်းတို့၏ ရုပ်အလောင်းများကို ယနေ့ နေ့လယ် ၁နာရီတွင် သင်္ဂြိုလ်ခဲ့ကြောင်း ဖော်ပြထားပြီး ကျဆုံးရဲဘော် နှစ်ဦး၏ တိုင်းပြည်အပေါ် ချစ်သည့်စိတ် ၊ စွန့်လွှတ်အနစ်နာ ခံပေးဆပ်မှုများကို ဦးညွှန်လေးစားကြောင်း ထုတ်ပြန်ခဲ့သည်။

ဖယ်ခုံမြို့နယ်သူ၊ မြို့နယ်သားများသာမက တော်လှန်ရေးတွင် ပါဝင်နေကြသည့် ပြည်သူတစ်ရပ်လုံးက ရဲဘော်တို့အား အမှတ်ရနေမည်ဖြစ်ကြောင်း ဖယ်ခုံ PDF တပ်ဖွဲ့ဝင်များအနေဖြင့် ကျန်ရှိသည့် တာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ရှမ်း – ကယားပြည်နယ် နယ်စပ် လယ်ထွန်ကျေးရွာ၊ဆောင်ကန်း ကျေးရွာ၊ပီကင်းကောခူ ကျေးရွာများ၌ မိုးဗြဲဘက်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်ဏီတပ်များကို ကရင်နီဒေသတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ခုခံတိုက်ခိုက်ခဲ့ရာ မတ်လ ၁၆ရက်က တစ်နေ့လုံး တိုက်ပွဲဖြစ်ခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)က ထုတ်ပြန်သည်။ အဆိုပါ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၁၅ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။