Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖယ်ခုံ ဆောင်ကန်းရွာတိုက်ပွဲတွင် လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည့် PDF ရဲဘော်နှစ်ဦး၏ ဈာပနပြုလုပ်

ဖယ်ခုံမြို့နယ်သူ၊ မြို့နယ်သားများသာမက တော်လှန်ရေးတွင် ပါဝင်နေကြသည့် ပြည်သူတစ်ရပ်လုံးက ရဲဘော်တို့အား အမှတ်ရနေမည်ဖြစ်ကြောင်း ဖယ်ခုံ PDF တပ်ဖွဲ့ဝင်များအနေဖြင့် ကျန်ရှိသည့် တာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ရှမ်း- ကယား နယ်စပ် ဖယ်ခုံမြို့နယ် ဆောင်ကန်းရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်နှစ်ဦး၏ ဈာပနကို ယနေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်ဟု ဖယ်ခုံ PDFက သတင်းထုတ်ပြန်သည်။

မတ်လ ၁၆ရက်က ဆောင်ကန်းရွာတိုက်ပွဲတွင် စစ်ကောင်ဏီတပ်ကို ခုခံရင်း ရဲဘော်သိန်းထူးနှင့် ရဲဘော်အောင်ကျော်တို့ လက်နက်ကြီးထိမှန် ကျဆုံးခဲ့ကြောင်း၊ ၎င်းတို့၏ ရုပ်အလောင်းများကို ယနေ့ နေ့လယ် ၁နာရီတွင် သင်္ဂြိုလ်ခဲ့ကြောင်း ဖော်ပြထားပြီး ကျဆုံးရဲဘော် နှစ်ဦး၏ တိုင်းပြည်အပေါ် ချစ်သည့်စိတ် ၊ စွန့်လွှတ်အနစ်နာ ခံပေးဆပ်မှုများကို ဦးညွှန်လေးစားကြောင်း ထုတ်ပြန်ခဲ့သည်။

ဖယ်ခုံမြို့နယ်သူ၊ မြို့နယ်သားများသာမက တော်လှန်ရေးတွင် ပါဝင်နေကြသည့် ပြည်သူတစ်ရပ်လုံးက ရဲဘော်တို့အား အမှတ်ရနေမည်ဖြစ်ကြောင်း ဖယ်ခုံ PDF တပ်ဖွဲ့ဝင်များအနေဖြင့် ကျန်ရှိသည့် တာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ရှမ်း – ကယားပြည်နယ် နယ်စပ် လယ်ထွန်ကျေးရွာ၊ဆောင်ကန်း ကျေးရွာ၊ပီကင်းကောခူ ကျေးရွာများ၌ မိုးဗြဲဘက်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်ဏီတပ်များကို ကရင်နီဒေသတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ခုခံတိုက်ခိုက်ခဲ့ရာ မတ်လ ၁၆ရက်က တစ်နေ့လုံး တိုက်ပွဲဖြစ်ခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)က ထုတ်ပြန်သည်။ အဆိုပါ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၁၅ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် နှစ်လခန့်ကလည်း မံဝိန်းကြီး၊ စီမူကြီး ၊ စီမူလေးဘက် စစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယခု ထပ်မံ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

သတင်း

ပြည်သူများအ​နေဖြင့် ဂဠုန်တပ်​တော် ​ရှေ့ဆက်​တော်လှန်နိုင်ရန်နှင့် လက်နက်၊ခဲယမ်းများပြန်လည် ထုတ်လုပ်၊စုဆောင်းနိုင်ရန်အတွက် တတ်နိုင်သည့်ဘက်ပေါင်းစုံမှ ကူညီ​ထောက်ပံ့ပေးကြပါရန် ​ဂဠုန်တပ်တော် (ဒီပဲယင်း)က မေတ္တာရပ်ခံထားသည်။

နိုင်ငံတကာ

မြောက်ကိုရီးယားဟာ ၂၀၀၆ ခုနှစ်ကစလို့ နျူကလီးယား လက်နက် စမ်းသပ်ဖောက်ခွဲမှု ၆ ကြိမ် ပြုလုပ်ခဲ့ပြီး အဲဒီထဲက ၄ ကြိမ်ဟာ ကင်မ်ရဲ့ လက်ထက်မှာ အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။

သတင်း

"စစ်ကောင်စီဘက်က အလောင်းတွေကို တာလပတ်နဲ့ အုပ်ပြီးကို မြစ်ထဲမျှောချသွားတာ။မနေ့ကလည်း ရွှေကျင်အစပ် ရာဘာတောမှာတိုက်ပွဲဖြစ် သွားသေဘတယ်။စကစက ရာဘာတောမီးရှို့ပြီး ပြန်ဆုတ်သွားရတယ်"ဟု ရွှေကျင်မြို့ခံတစ်ဦးက ပြောသည်။