Connect with us

Hi, what are you looking for?

News

ခလရ(၂၇၄)မှ စစ်ကောင်စီတပ်သားတစ်ဦး CDF မင်းတပ်ထံ အလင်းဝင်လာ

ယနေ့ CDF မင်းတပ်ထံသို့ ရောက်ရှိလာသည့်စစ်ကောင်စီတပ်သားသည် ယမန်နေ့(မတ်လ ၂၄ ရက်) နေ့လယ်၁ နာရီခွဲခန့်တွင် ခလရ (၂၇၄)တပ်မှ ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

People's Spring
People's Spring

ချင်းပြည်နယ် မင်းတပ်အခြေစိုက် ခလရ(၂၇၄)မှ စစ်ကောင်စီတပ်သားတစ်ဦး CDF မင်းတပ်ထံ အလင်းဝင် ရောက်လာကြောင်း CDF မင်းတပ်၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က People’s Springသို့ ပြော သည်။

ယနေ့(မတ်လ ၂၅ ရက်)နေ့လယ်ပိုင်းတွင် ရောက်ရှိလာသော စစ်ကောင်စီတပ်သားသည် လက်နက်ပါရှိလာသည့်အတွက် ဆုကြေးငွေ ကျပ်သိန်း ၅၀ပေးအပ်ပြီး ဖြစ် ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ ကြေညာထားသလိုပဲ။ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်။ ဆုကြေးငွေပေးတယ်။နောက်ပြီး သူဘယ်လို ခံယူချက်နဲ့ ကျွန်တော်တို့ဆီ ကူပြောင်းလာတယ်ဆိုတာ ဗီဒီယို မှတ်တမ်းတင်ထားတယ်။CDF မင်းတပ် ပေ့ချ်ကနေ တင်ပြသွားပါ့မယ်”ဟု ဆလိုင်းဟာအွမ်က ရှင်းပြသည်။

ယနေ့ CDF မင်းတပ်ထံသို့ ရောက်ရှိလာသည့်စစ်ကောင်စီတပ်သားသည် ယမန်နေ့(မတ်လ ၂၄ ရက်) နေ့လယ်၁ နာရီခွဲခန့်တွင် ခလရ (၂၇၄)တပ်မှ ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ယခု စစ်သားတစ်ဦးအပါအဝင် CDF မင်းတပ်ထံသို့ CDM ပြုလုပ်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား ၁၀ဦး ကျော်ရှိပြီဟုလည်း ဆလိုင်းဟာအွမ်က အတည်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၃၀ရက်ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်အပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

Facebook