Connect with us

Hi, what are you looking for?

LuduNwayOo

News

ခလရ(၂၇၄)မှ စစ်ကောင်စီတပ်သားတစ်ဦး CDF မင်းတပ်ထံ အလင်းဝင်လာ

ယနေ့ CDF မင်းတပ်ထံသို့ ရောက်ရှိလာသည့်စစ်ကောင်စီတပ်သားသည် ယမန်နေ့(မတ်လ ၂၄ ရက်) နေ့လယ်၁ နာရီခွဲခန့်တွင် ခလရ (၂၇၄)တပ်မှ ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

People's Spring
People's Spring

ချင်းပြည်နယ် မင်းတပ်အခြေစိုက် ခလရ(၂၇၄)မှ စစ်ကောင်စီတပ်သားတစ်ဦး CDF မင်းတပ်ထံ အလင်းဝင် ရောက်လာကြောင်း CDF မင်းတပ်၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က People’s Springသို့ ပြော သည်။

ယနေ့(မတ်လ ၂၅ ရက်)နေ့လယ်ပိုင်းတွင် ရောက်ရှိလာသော စစ်ကောင်စီတပ်သားသည် လက်နက်ပါရှိလာသည့်အတွက် ဆုကြေးငွေ ကျပ်သိန်း ၅၀ပေးအပ်ပြီး ဖြစ် ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ ကြေညာထားသလိုပဲ။ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်။ ဆုကြေးငွေပေးတယ်။နောက်ပြီး သူဘယ်လို ခံယူချက်နဲ့ ကျွန်တော်တို့ဆီ ကူပြောင်းလာတယ်ဆိုတာ ဗီဒီယို မှတ်တမ်းတင်ထားတယ်။CDF မင်းတပ် ပေ့ချ်ကနေ တင်ပြသွားပါ့မယ်”ဟု ဆလိုင်းဟာအွမ်က ရှင်းပြသည်။

ယနေ့ CDF မင်းတပ်ထံသို့ ရောက်ရှိလာသည့်စစ်ကောင်စီတပ်သားသည် ယမန်နေ့(မတ်လ ၂၄ ရက်) နေ့လယ်၁ နာရီခွဲခန့်တွင် ခလရ (၂၇၄)တပ်မှ ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ယခု စစ်သားတစ်ဦးအပါအဝင် CDF မင်းတပ်ထံသို့ CDM ပြုလုပ်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား ၁၀ဦး ကျော်ရှိပြီဟုလည်း ဆလိုင်းဟာအွမ်က အတည်ပြုသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။