Connect with us

Hi, what are you looking for?

News

အာဏာလုစစ်ကောင်စီ အားပေးထောက်ပံ့သူအားလုံးကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟု ပခုက္ကူPDF သတိပေး

ပခုက္ကူမြိုပေါ် နှင့် အနီးတဝိုက်ရှိ အာဏာလုစစ်ကောင်စီအား နည်းမျိုးစုံနှင့်တော်လှန်လျက်ရှိကြသော မြေပေါ်၊ မြေအောက် အဖွဲ့အစည်းအသီးသီးတို့အား မိတ်ဘက်အဖွဲ့အစည်းများအဖြစ် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ဖော်ပြထားသည်။

အာဏာလုဖက်ဆစ်စစ်ကောင်စီအား အားပေးအားမြှောက်ထောက်ပံ့သူမည်သူမဆိုကို ပစ်မှတ်ထားတိုက်ခိုက် သွားမည်ဟု ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Pakokku People Defense Force _PPDF )က ဇူလိုင်၂၁ရက်တွင် ထုတ်ပြန်သည်။

ထို့အပြင် အာဏာလုဖက်ဆစ်စစ်ကောင်စီတပ်များ၊ ယင်းတို့၏မိတ်ဘက်အဖွဲ့အစည်းများ၊ သတင်းပေးဒလံများ၊ ပျူစောထီးအဖွဲ့၀င်များကိုလည်း တိုက်ခိုက်သွားမည်ဟု PDFက ဆိုသည်။

ပခုက္ကူမြိုပေါ် နှင့် အနီးတဝိုက်ရှိ အာဏာလုစစ်ကောင်စီအား နည်းမျိုးစုံနှင့်တော်လှန်လျက်ရှိကြသော မြေပေါ်၊ မြေအောက် အဖွဲ့အစည်းအသီးသီးတို့အား မိတ်ဘက်အဖွဲ့အစည်းများအဖြစ် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ဖော်ပြထားသည်။

ပခုက္ကူ PDF အနေဖြင့် အာဏာလုစစ်ကောင်စီနှင့်အပေါင်းအပါများကိုသာ ရည်ရွယ်တိုက်ခိုကသွားမည်ဖြစ်ပြီး ၊ အများပြည်သူများ စုဝေးရာနေရာများ၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များအား ထိခိုက်နစ်နာစေရန် လုံး၀(လုံး၀) ဆောင်ရွက်သွားမည်မဟုတ်ပါကြောင်းနှင့် ထိုသို့ ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းများအား ရှုံ့ချပါသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြည်သူများအနေဖြင့် အာဏာလုဖက်ဆစ်တပ်များနှင့်အပေါင်းအပါများအား တွန်းလှန် တိုက်ခိုက်ရာတွင် မိမိတို့အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ကြပါရန်နှင် PPDFအနေဖြင့် ပြည်သူလုထုနှင့် အတူ ရပ်တည်၍ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်များအား မိမိတို့မှ အမြဲကာကွယ် ဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။

ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား အဆိုပါမြို့နယ်အတွင်းရှိအင်အားစုများစုစည်း၍ မေလ၁၂ရက်တွင် ဖွဲ့စည်းထားခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ထဲက အိုင်ကြီးရွာနဲ့ ပေါက်တော ရွာက်ို အာဏာသိမ်း စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့်အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်အချို့ဆီက သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook