Connect with us

Hi, what are you looking for?

News

ရေစကြိုမြို့တွင် စစ်ကားနှစ်စီးအား မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဟု PDF ​ပြော

စစ်ကောင်စီတပ်မှ ကားတစ်စီးက လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်သော်လည်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ဟု ထုတ်ပြန်ခဲ့သည်။

(ရေစကြိုမြို့နယ် တစ်နေရာ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၂)မှ အခြေခံစစ်ပညာသင်တန်း အပတ်စဥ်(၅) သင်တန်းဆင်းပွဲအခမ်းနားကို မတ်လ၂၈ရက်က ကျင်းပ​နေစဥ်၊ ဓါတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်)

မ​ကွေးတိုင်း ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဉ်နှစ်စီးကို ယနေ့ နံနက်က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ထုတ်ပြန် သည်။

ယနေ့(မတ်လ ၂၉ရက်)နံနက် ၁၁နာရီခန့်တွင် ဆင်ချောင်းရွာနှင့် ဇီးကုန်း​ကျေးရွာကြားတွင် စစ်ကား နှစ်စီးကို မိုင်းနှစ်လုံးဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် ကားတစ်စီးမှာ ထိခိုက်ပျက်စီးသွားပီး ကားပေါ်တွင်ပါသော စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးနေရာတွင် သေဆုံးသွားပြီး အချို့မှာဒဏ်ရာအပြင်း အထန်ရရှိခဲ့သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်မှ ကားတစ်စီးက လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်သော်လည်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ဟု ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ