မကွေးတိုင်း ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဉ်နှစ်စီးကို ယနေ့ နံနက်က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ထုတ်ပြန် သည်။
ယနေ့(မတ်လ ၂၉ရက်)နံနက် ၁၁နာရီခန့်တွင် ဆင်ချောင်းရွာနှင့် ဇီးကုန်းကျေးရွာကြားတွင် စစ်ကား နှစ်စီးကို မိုင်းနှစ်လုံးဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် ကားတစ်စီးမှာ ထိခိုက်ပျက်စီးသွားပီး ကားပေါ်တွင်ပါသော စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးနေရာတွင် သေဆုံးသွားပြီး အချို့မှာဒဏ်ရာအပြင်း အထန်ရရှိခဲ့သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီတပ်မှ ကားတစ်စီးက လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်သော်လည်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ဟု ထုတ်ပြန်ခဲ့သည်။