Connect with us

Hi, what are you looking for?

News

ဆား​တောင်နယ် ​ညောင်ငုပ်တိုရွာတွင် တိုက်ပွဲဖြစ်ပြီး ပျူငါးဦး​သေ၊ ရွာလည်း မီးရှို့ဖျက်ဆီးခံရဟု ​ဒေသခံများ​ပြော

အခင်းဖြစ်ရာနေရာသို့ စစ်ကိုင်းဘက်မှ စစ်ကူလာသည့် စစ်ကောင်စီတပ်ကားတစ်စီးလည်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်သား‌များ ထိခိုက်မှုရှိနိုင်သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။

(ယနေ့နံနက်က မီးရှို့ခံ​နေရသည့် ရွာနန်း​ကျေးရွာ၊ ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ဆားတောင်နယ်ရှိ ညောင်ငုပ်တို​ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီးများနှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူစောထီး ငါးဦးခန့်သေဆုံးကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(ဧပြီ ၆ရက်) ညနေ ၅နာရီခွခန့်က ​ညောင်ငုပ်တိုရွာရှိ ပျူစောထီးများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပျူစောထီးငါးဦးသေဆုံးကြောင်း၊ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး တိုက်ပွဲဖြစ်စဉ်အတွင်း ညောင်ငုပ်တိုရွာ မီးလောင်ပြာကျသွားကြောင်း၊ ညောင်ငုပ်တိုရွာသည် အိမ်ခြေ ၁၅လုံးခန့်ရှိသည့် ရွာငယ်​လေးတစ်ရွာဖြစ်ကြောင်း ဒေသခံများက ပြော သည်။

” အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ခိုင်းဖတ် ပျူစောထီးကြီးစိုးနေတဲ့ရွာဖြစ်ပါတယ်။ ၎င်းတို့ကိုထောက်ခံခြင်းမရှိတဲ့သူတွေကို ရွာကနေ နှင်ထုတ်ခဲ့ကြတဲ့အတွက် ရွာမှာက ပျူစောထီးအဖွဲ့တွေသာရှိတယ်လို့ သိရပါတယ်”ဟုစစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

အခင်းဖြစ်ရာနေရာသို့ စစ်ကိုင်းဘက်မှ စစ်ကူလာသည့် စစ်ကောင်စီတပ်ကားတစ်စီးလည်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်သား‌များ ထိခိုက်မှုရှိနိုင်သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့ (ဧပြီ ၇ ရက်) နံနက်၆နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ ညောင်ငုပ်တိုရွာ ထပ်မံအင်အားဖြည့်ထားသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် နယ်မြေချင်းဆက်နေသည့် ဝက်လက်မြို့နယ်၊ ရွာနန်း(နတ်နန်း)​ကျေးရွာအား ဝင်ရောက်လာပြီး ရွာကိုမွှေနှောက်ဖျက်ဆီးကာ ရွာလူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသတွင်းသတင်းမြစ်များက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။