Connect with us

Hi, what are you looking for?

News

နွေဦးတော်လှန်ရေးမှာ ဖမ်းဆီးခံရသူတွေရဲ့ အင်းစိန်ထောင်တွင်း နေ့တဓူဝ ဘဝ

တရားစခန်းအဆောင်က ကြမ်းခင်းတွေဟာ ကြမ်းပိုးကိုက်သလို ပူပြင်းတဲ့ရာသီမှာတော့ အနေအစားဆင်းရဲ ရတယ်လို့ ပြီးခဲ့တဲ့နှစ် လယ်ပိုင်းက လွတ်မြောက်လာသူတစ်ဦးက ပြောပြပါတယ်။

ဓာတ်ပုံ − ရိုက်တာ

နွေဦးတော်လှန်ရေးအတွင်း ဖမ်းဆီးခံထားရသူတွေရဲ့ အင်းစိန်ထောင်တွင်းနေ့တဓူဝ ဖြတ်သန်းရတဲ့ ပုံရိပ်တွေကို သရုပ်ဖော်ထားတဲ့ sketch ပန်းချီတွေ ကို ရိုက်တာသတင်းဌာနက ဖော်ပြလာပါတယ်။

ဒီကားချပ်တွေမှာ နွေဦးတော်လှန်ရေးအတွင်းဖမ်းဆီးခံထားရသူတွေ အနေအစားဆင်းရဲကြတာကိုတွေ့မြင်ခံစားရမှာဖြစ်ပါတယ်။

အခန်းနဲ့ဖမ်းဆီးထားတဲ့လူဦးရေ မမျှတကြောင့် တစ်ဦးနဲ့တစ်ဦး နေ့ခင်းဘက် ထိုင်နေရင်တောင် နေရာလွတ်မရှိသလောက်ဖြစ်နေတာ ၊ကျောခင်းတဲ့အခါ ကျဉ်းကျဉ်းကျပ်ကျပ်အိပ်စက်ရတာတွေကို ပန်းချီကားမှာရေးဆွဲထားပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း ပြန်လည်လွတ်မြောက်လာသူအချို့ရဲ့ပြောပြချက်အရ အချို့ကားချပ်တွေဟာ တရားစခန်းလို့ ခေါ်တဲ့အချုပ်ဆောင်နေရာတွေဖြစ်တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

နွေဦးတော်လှန်ရေးကာလအတွင်း ဖမ်းဆီးထားသူတွေကို အဲဒီတရားစခန်းအဆောင်တွေမှာ စုပြုံထားရှိတာပါ။

ဓာတ်ပုံ − ရိုက်တာ

တရားစခန်းအဆောင်က ကြမ်းခင်းတွေဟာ ကြမ်းပိုးကိုက်သလို ပူပြင်းတဲ့ရာသီမှာတော့ အနေအစားဆင်းရဲ ရတယ်လို့ ပြီးခဲ့တဲ့နှစ် လယ်ပိုင်းက လွတ်မြောက်လာသူတစ်ဦးက ပြောပြပါတယ်။

လက်ရှိအချိန်မှာလည်း ဒီလို အနေအထိုင်ကျဉ်းကျပ်တာကြောင့် ဝဲလို ယားယံတဲ့ အရေပြားရောဂါ ကူးစက်နေတာတွေရှိနေပါတယ်။

ဓာတ်ပုံ − ရိုက်တာ

ဒါကြောင့် ထောင်ဝင်စာ ပါဆယ်ပို့ရာမှာ အရေပြားရောဂါကုသတဲ့ လိမ်းဆေးတွေ ထည့်ပေးရတယ်လို့ နိုင်ကျဉ်းမိသားစုဝင်တစ်ဦးက People’s Spring ကိုပြောပြပါတယ်။

ဒါအပြင် ထောင်တွင်းမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးတာမရှိဘူးလို့လည်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့​လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​လှေပေါ် ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။