Connect with us

Hi, what are you looking for?

LuduNwayOo

News

နွေဦးတော်လှန်ရေးမှာ ဖမ်းဆီးခံရသူတွေရဲ့ အင်းစိန်ထောင်တွင်း နေ့တဓူဝ ဘဝ

တရားစခန်းအဆောင်က ကြမ်းခင်းတွေဟာ ကြမ်းပိုးကိုက်သလို ပူပြင်းတဲ့ရာသီမှာတော့ အနေအစားဆင်းရဲ ရတယ်လို့ ပြီးခဲ့တဲ့နှစ် လယ်ပိုင်းက လွတ်မြောက်လာသူတစ်ဦးက ပြောပြပါတယ်။

ဓာတ်ပုံ − ရိုက်တာ

နွေဦးတော်လှန်ရေးအတွင်း ဖမ်းဆီးခံထားရသူတွေရဲ့ အင်းစိန်ထောင်တွင်းနေ့တဓူဝ ဖြတ်သန်းရတဲ့ ပုံရိပ်တွေကို သရုပ်ဖော်ထားတဲ့ sketch ပန်းချီတွေ ကို ရိုက်တာသတင်းဌာနက ဖော်ပြလာပါတယ်။

ဒီကားချပ်တွေမှာ နွေဦးတော်လှန်ရေးအတွင်းဖမ်းဆီးခံထားရသူတွေ အနေအစားဆင်းရဲကြတာကိုတွေ့မြင်ခံစားရမှာဖြစ်ပါတယ်။

အခန်းနဲ့ဖမ်းဆီးထားတဲ့လူဦးရေ မမျှတကြောင့် တစ်ဦးနဲ့တစ်ဦး နေ့ခင်းဘက် ထိုင်နေရင်တောင် နေရာလွတ်မရှိသလောက်ဖြစ်နေတာ ၊ကျောခင်းတဲ့အခါ ကျဉ်းကျဉ်းကျပ်ကျပ်အိပ်စက်ရတာတွေကို ပန်းချီကားမှာရေးဆွဲထားပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း ပြန်လည်လွတ်မြောက်လာသူအချို့ရဲ့ပြောပြချက်အရ အချို့ကားချပ်တွေဟာ တရားစခန်းလို့ ခေါ်တဲ့အချုပ်ဆောင်နေရာတွေဖြစ်တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

နွေဦးတော်လှန်ရေးကာလအတွင်း ဖမ်းဆီးထားသူတွေကို အဲဒီတရားစခန်းအဆောင်တွေမှာ စုပြုံထားရှိတာပါ။

ဓာတ်ပုံ − ရိုက်တာ

တရားစခန်းအဆောင်က ကြမ်းခင်းတွေဟာ ကြမ်းပိုးကိုက်သလို ပူပြင်းတဲ့ရာသီမှာတော့ အနေအစားဆင်းရဲ ရတယ်လို့ ပြီးခဲ့တဲ့နှစ် လယ်ပိုင်းက လွတ်မြောက်လာသူတစ်ဦးက ပြောပြပါတယ်။

လက်ရှိအချိန်မှာလည်း ဒီလို အနေအထိုင်ကျဉ်းကျပ်တာကြောင့် ဝဲလို ယားယံတဲ့ အရေပြားရောဂါ ကူးစက်နေတာတွေရှိနေပါတယ်။

ဓာတ်ပုံ − ရိုက်တာ

ဒါကြောင့် ထောင်ဝင်စာ ပါဆယ်ပို့ရာမှာ အရေပြားရောဂါကုသတဲ့ လိမ်းဆေးတွေ ထည့်ပေးရတယ်လို့ နိုင်ကျဉ်းမိသားစုဝင်တစ်ဦးက People’s Spring ကိုပြောပြပါတယ်။

ဒါအပြင် ထောင်တွင်းမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးတာမရှိဘူးလို့လည်းသိရပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

သတင်း

တရုတ်ဖက်ကထုတ်ပြန်သည့်သတင်း၌ ဖမ်းဆီးသွားသူများကို ​ခေါင်းအားအဝတ်အုပ်၍ခေါ်ဆောင်သွားပြီး တရုတ်လေဆိပ်အ​ရောက် သတင်းမီဒီယာများရှေ့၌ ဖွင့်ပြခဲ့သည်။

သတင်း

မိတ္ထီလာမြို့တွင် လောက်ကိုင်မြို့မှ ပြန်လာသည့် စစ်ဘေးရှောင်ပြည်သူများ ရောက်ရှိနေပြီး အချို့မှာ ဆိုင်ကယ်ဖြင့်ပြန်လာချိန် စစ်ကောင်စီ၏ ယာဥ်စစ်ဆေးရေးအဖွဲ့​၏ ငွေတောင်းခံရမှုကြုံတွေ့နေရကြောင်း ဒေသခံအချို့က ပြောသည်။