Connect with us

Hi, what are you looking for?

News

အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး အမြန်ဆုံး အောင်မြင်ပါစေဟု ကယန်းအမျိုးသားနေ့တွင် NUG သဝဏ်လွှာပေးပို့

ကယန်းအမျိုးသားနေ့အချိန်အခါသမယတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာ၌ရောက်ရှိနေထိုင်နေကြသော ကယန်းအမျိုးသမီး၊ အမျိုးသားများအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာလုံခြုံ၍ ဘေးရန်အပေါင်းမှ ကင်းကွာကြပါစေကြောင်း NUGက ဆုမွန်ကောင်းတောင်းသည်။

(၁၈)ကြိမ်​မြောက် ကယန်းအမျိုးသား​နေ့ အခမ်းအနားကျင်းပ​နေစဥ်

စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး အတွက် ကယန်းလူမျိုးများ ပါဝင်ဆင်နွှဲနေသော ကြိုးပမ်းအားထုတ်မှုများ လျင်မြန်စွာပြီးမြောက် အောင်မြင်ပါစေကြောင်း အမျိုးသားညီညွတ်ရေးညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်သည်။

ယနေ့ကျရောက်သော (၂၂)နှစ်မြောက် ကယန်းအမျိုးသားနေ့အတွက် NUG က သဝဏ်လွှာပေးပို့ ထုတ်ပြန်ခြင်းဖြစ်ပြီး စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်လိုကြသည့် ကယန်းလူမျိုးများအနေဖြင့် လက်တွေ့ ကျသည့် နိုင်ငံရေးအခင်းအကျင်းထဲသို့ ဝင်ရောက်ဆင်နွှဲနေကြသည်ကို တွေ့ရသည့်အတွက်လည်း များစွာ ဝမ်းမြောက်ဂုဏ်ယူကြောင်း ဖော်ပြသည်။

ကယန်းအမျိုးသားနေ့အချိန်အခါသမယတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာ၌ရောက်ရှိနေထိုင်နေကြသော ကယန်းအမျိုးသမီး၊ အမျိုးသားများအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာလုံခြုံ၍ ဘေးရန်အပေါင်းမှ ကင်းကွာကြပါစေကြောင်း NUGက ဆုမွန်ကောင်းတောင်းသည်။

ကယန်းလူမျိုးတို့၏ အန္တိမရည်မှန်းချက်မှာ အာဏာရှင်ဟူသမျှချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနှင့် ကရင်နီအမျိုးသားဖြစ်သော ကယန်းလူမျိုးတို့ နေထိုင်ရာဒေသသည် ကရင်နီပြည်အတွင်း ပြန်လည်စုစည်းရောက်ရှိရေးဖြစ်ကြောင်း သိရှိရသည်ဟု NUG က ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

Facebook