Connect with us

Hi, what are you looking for?

News

အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး အမြန်ဆုံး အောင်မြင်ပါစေဟု ကယန်းအမျိုးသားနေ့တွင် NUG သဝဏ်လွှာပေးပို့

ကယန်းအမျိုးသားနေ့အချိန်အခါသမယတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာ၌ရောက်ရှိနေထိုင်နေကြသော ကယန်းအမျိုးသမီး၊ အမျိုးသားများအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာလုံခြုံ၍ ဘေးရန်အပေါင်းမှ ကင်းကွာကြပါစေကြောင်း NUGက ဆုမွန်ကောင်းတောင်းသည်။

(၁၈)ကြိမ်​မြောက် ကယန်းအမျိုးသား​နေ့ အခမ်းအနားကျင်းပ​နေစဥ်

စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး အတွက် ကယန်းလူမျိုးများ ပါဝင်ဆင်နွှဲနေသော ကြိုးပမ်းအားထုတ်မှုများ လျင်မြန်စွာပြီးမြောက် အောင်မြင်ပါစေကြောင်း အမျိုးသားညီညွတ်ရေးညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်သည်။

ယနေ့ကျရောက်သော (၂၂)နှစ်မြောက် ကယန်းအမျိုးသားနေ့အတွက် NUG က သဝဏ်လွှာပေးပို့ ထုတ်ပြန်ခြင်းဖြစ်ပြီး စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်လိုကြသည့် ကယန်းလူမျိုးများအနေဖြင့် လက်တွေ့ ကျသည့် နိုင်ငံရေးအခင်းအကျင်းထဲသို့ ဝင်ရောက်ဆင်နွှဲနေကြသည်ကို တွေ့ရသည့်အတွက်လည်း များစွာ ဝမ်းမြောက်ဂုဏ်ယူကြောင်း ဖော်ပြသည်။

ကယန်းအမျိုးသားနေ့အချိန်အခါသမယတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာ၌ရောက်ရှိနေထိုင်နေကြသော ကယန်းအမျိုးသမီး၊ အမျိုးသားများအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာလုံခြုံ၍ ဘေးရန်အပေါင်းမှ ကင်းကွာကြပါစေကြောင်း NUGက ဆုမွန်ကောင်းတောင်းသည်။

ကယန်းလူမျိုးတို့၏ အန္တိမရည်မှန်းချက်မှာ အာဏာရှင်ဟူသမျှချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနှင့် ကရင်နီအမျိုးသားဖြစ်သော ကယန်းလူမျိုးတို့ နေထိုင်ရာဒေသသည် ကရင်နီပြည်အတွင်း ပြန်လည်စုစည်းရောက်ရှိရေးဖြစ်ကြောင်း သိရှိရသည်ဟု NUG က ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရွေးကောက်ပွဲမှာ မဲမပေးဖို့ အပါအဝင် တားမြစ်ချက် ၈ချက်ကို ချင်းပြည်ကောင်စီ ထုတ်ပြန်

သတင်း

အရပ်သားတွေအပေါ် စစ်တပ်ရဲ့ ရက်စက်မှုအပေါ် နှုတ်ဆိတ်နေခြင်း အဆုံးသတ်ဖို့ ၊ နိုင်/ကျဉ်းအားလုံး လွှတ်မြောက်ရေးတောင်းဆိုဖို့ နိုင်ငံတကာကို တိုက်တွန်း

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ယာယီသမ္မတဒူဝါလရှီးလနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းတိ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယာယီသမ္မတနဲ့ KNUဗဟိုက ဒီကနေ့ စက်တင်ဘာ ၂၅ရက်ညပိုင်းမှာ သတင်းထုတ်ပြန် အသိပေးခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအနေနဲ့ အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးရမှာ ဖြစ်ပြီး လူသားဆန်စွာနဲ့ လေးစားစွာ ဆက်ဆံဖို့လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထပ်မံ နှိုးဆော်လိုက်ပါတယ်။