Connect with us

Hi, what are you looking for?

News

တော်လှန်ရေးအင်အားစုအားလုံး၏ နယ်မြေစိုးမိုးမှု နိုင်ငံတဝက်နီးပါးအထိရှိလာပြီဟု NUG ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားခြင်းဖြစ်ပြီး တစ်နှစ်တာအတွင်း PDF တပ်ရင်းတပ်ဖွဲ့ ရာဂဏန်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၂၅၀ ကျော်ဖွဲ့စည်းပြီးဖြစ်သည်ဟု ဆိုသည်။

(အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ရှေ့တန်းစခန်းတစ်ခုတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့်အတူ ရှိနေသည့် ဓာတ်ပုံကို ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ ဓာတ်ပုံ - NUG)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဒေသတော် လှန်ရေးအဖွဲ့အစည်း(LDF)၊ တိုင်းရင်းသား အင်အားစု (EAO, ERO) အဖွဲ့အစည်းအားလုံး၏ နယ်မြေစိုးမိုးနိုင်မှုမှာ တစ်နိုင်ငံလုံးဧရိယာ၏ ၅၀ ရာခိုင်နှုန်းနီးပါးရှိနေပြီဟု NUG က ထုတ်ပြန်ကြေညာသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားခြင်းဖြစ်ပြီး တစ်နှစ်တာအတွင်း PDF တပ်ရင်းတပ်ဖွဲ့ ရာဂဏန်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၂၅၀ ကျော်ဖွဲ့စည်းပြီးဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ကာကွယ်ရေးဝန်ကြီးဌာနနှင့်ချိတ်ဆက်ထားပြီးဖြစ်သည့် LDF ၃၅၄ ဖွဲ့အနက် ၁၀၀ ကျော်ကို ဝန်ကြီးဌာနလက်အောက် တပ်ရင်းတပ်ဖွဲ့များတွင် ပေါင်းစပ်ဖွဲ့စည်းပြီးဖြစ်ကြောင်း NUG ကထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူ့ဆန္ဒကို အလေးအမြတ်ပြုကာ တော်လှန်ရေးအောင်မြင်သည်အထိ ဦးလှည်မသုန်ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကတိပြုသည်။

Public Service Announcement

Public Service Announcement

ယင်းနောက် အကြမ်းဖက်စစ်ကောင်စီကို ဖြုတ်ချနိုင်ရေး၊ အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေး၊ စစ်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေး၊ လူမှုရေးနှင့် အုပ်ချုပ်ရေးကိစ္စရပ်များ အပါအဝင် လူမှုရေး၊ အသွင်ကူးပြောင်းရေး ကိစ္စများအတွက် မဟာဗျူဟာကျကျပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် မဟာမိတ်ဆက်ဆံရေးကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်သည်ဟု ဆိုသည်။

အဆိုပါကော်မတီက တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အလွတ်သဘောမိတ်ဆက်တွေ့ဆုံဆွေးနွေးမှုများ စတင်ပြုလုပ်နေပြီး ဆက်လက်တွေ့ဆုံရန်လည်း စီစဉ်လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးသည်။

ထို့အပြင် ပြည်သူလူထုကို ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ရန် အွန်လိုင်းဝန်ဆောင်မှုများအပြင် စိုးမိုးနယ်မြေများတွင် ဆေးရုံ ၅၁ ရုံ၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်း ၅၅ ခု၊ ရွေ့လျား ဆေးခန်း ၁၆၇ ခုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးနေကြောင်း NUG က ထုတ်ပြန်သည်။

တော်လှန်ရေး၏ အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်သည့် CDM ဝန်ထမ်းများ၏ လူမှုဘ၀ အဆင်ပြေချောမွေ့စေရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားကူညီပံ့ပိုးနေပြီး CDM များကို ဂုဏ်ပြုချီးမြှင့်နိုင်ရေးကော်မတီဖွဲ့စည်းဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်နေပြီဟု NUG က အစီရင်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...