Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီက ရွေးကော်အမည်ဖြင့်ဖွဲ့ထားသည့် အဖွဲ့၏ ကြေညာချက် အာဏာသက်ရောက်ခြင်းမရှိဟု CRPH တုန့်ပြန်

CRPH အနေဖြင့် ပြည်သူတို့၏ရွေးကောက်တင် မြှောက် အာဏာအပ်နှင်းခြင်းခံရသည့် ပြည်သူ့ကိုယ် စားလှယ်ကြီးများနှင့်အတူရပ်တည်ပြီး ပြည်သူပေးအပ်သောတာဝန် များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ပြည်သူများအား အသိပေးခဲ့သည်။

မည်သည့်နိုင်ငံကမျှ တရားဝင်အစိုးရဟုအသိအမှတ် ပြုခြင်းမခံရသော တရားမဝင်အာဏာသိမ်း စစ်ကောင်စီ က ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်ဟူသော အဖွဲ့အစည်း၏ ထုတ်ပြန်ကြေညာချက်သည် မည်သည့် ဥပ ဒေနှင့်မျှ အကျုံးဝင် အာဏာသက်ရောက်ခြင်းမရှိဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ယနေ့ အသိ​ပေးကြေညာချက်ထုတ်ပြန်သည်။

စစ်ကောင်စီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမည်ဖြင့်ဖွဲ့ထားသည့် အဖွဲ့အစည်းက ၂၀၂၀ နိုဝင်ဘာ ၈ရက် ရွေးကောက်ပွဲရလဒ်များအား ပယ်ဖျက်ကြောင်း ကြေညာခြင်းနှင့်ပတ်သက်ပြီး CRPHက ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သောပြည်သူများက ရွေးကောက်တင်မြှောက်ခဲ့သည့် ပြည်သူ့အာဏာ ကို လူတစ်စု၏ တရားမဝင်အမိန့်ထုတ်ပြန်ရုံမျှဖြင့် ချေဖျက်နိုင်ခြင်းမရှိကြောင်း CRPHက ထုတ် ပြန်သည်။

CRPH အနေဖြင့် ပြည်သူတို့၏ရွေးကောက်တင် မြှောက် အာဏာအပ်နှင်းခြင်းခံရသည့် ပြည်သူ့ကိုယ် စားလှယ်ကြီးများနှင့်အတူရပ်တည်ပြီး ပြည်သူပေးအပ်သောတာဝန် များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ပြည်သူများအား အသိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်အာဏာ ရှင်ကိုဆန့်ကျင်ပြီး ပြည်သူဘက်တွင်သစ္စာရှိစွာရပ်တည်သော အနိုင်ရပါတီများမှ ကိုယ်စားလှယ်များဖြင့်လည်း ကောင်း၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များဖြင့်လည်းကောင်း ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ထပ်လောင်း အတည်ပြုသည်ဟုလည်း CRPHက ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် CRPH အနေဖြင့် နိုင်ငံတကာပါလီမန်များအသီးသီးနှင့် လည်းကောင်း၊ ပါလီမန်အစုအဖွဲ့များ၊ ပါလီမန်ကိုယ် စားလှယ်အစုအဖွဲ့များနှင့်လည်းကောင်း တက်ကြွစွာပူးပေါင်း
ဆောင်ရွက်လျက်ရှိသည့်အတိုင်း အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြည်သူများအား ထပ်မံကတိပြုသည်ဟု ဖော်ပြခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲသည် လွတ်လပ်မျှတသည့် ရွေး ကောက်ပွဲဖြစ်ကြောင်း ပြည်တွင်းပြည်ပ လေ့လာစောင့်ကြည့်ရေးအဖွဲ့များက ထုတ်ပြန်ထားသကဲ့သို့ ကမ္ဘာက အသိအမှတ်ပြုထားသည့် အချိန်တွင် အကြမ်းဖက်စစ်တပ်က မဲစာရင်းများမှားယွင်းနိုင်သည်ဆိုသည့် မခိုင်လုံသော အကြောင်းပြချက်ဖြင့် လွှတ်တော်ခေါ်ယူသည့် ဖေဖော်ဝါရီ ၁ရက်တွင် အာဏာသိမ်းယူခဲ့ပြီး အစိုးရခေါင်းဆောင်များအပါအဝင် လူအများအပြားကို ဖမ်းဆီးခဲ့သည်။

ထို့နောက် စစ်အာဏာရှင် ဆန့်ကျင်သည့် ပြည်သူများအား အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများ ဆက်တိုက်ကျူးလွန်နေပြီး လက်ရှိ ကိုဗစ်ကပ်ရောဂါကိုပင် ၎င်းတို့ အာဏာတည်မြဲရေးအတွက် အသုံးလျက် ပြည်သူများအား ဆက်လက်ဖိနှိပ်နေသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။