Connect with us

Hi, what are you looking for?

News

ထီးလင်း PDF သိမ်းပိုက်ခဲ့သည့် ကျင်းရွာရဲစခန်း၌ နေရာဝင်ယူသည့် စစ်ကြောင်း ပဒေသာမိုင်းဖြင့် ထပိမံတိုက်ခိုက်ခံရ၍ သေဆုံးထိခိုက်မှုများ

ဧပြီ ၁၇ရက်တွင် ထီးလင်း PDFက ကျင်းရွာရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ချရန် ငြင်းဆန်သည့် စခန်းမှူး သေဆုံးပြီး ရဲ ၂ဦး ဒဏ်ရာရရှိကြောင်း၊ လက်နက် ၁၉လက်နှင့် ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်း ထီးလင်း PDFက ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ခဲ့သည်။ ကျန်ရဲတပ်ဖွဲ့များမှာ ပြည်သူနှင့်အတူ ပူးပေါင်းခဲ့သည်ဟု ဆိုသည်။

▪️မိုင်း ၇၅လုံးဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၅၀ ကျော်သေဆုံးနိုင်ပြီး လက်နက်ကြီးများပါ ပျက်စီးဟု ထုတ်ပြန်

မကွေးတိုင်း ထီလင်းမြို့နယ် ကျင်းရွာနယ်မြေရဲစခန်းကို ထီးလင်း ပြည်သူ့ကာကွယ်ရေးတပ်များက စခန်းသိမ်းတိုက်ခိုက်လိုက်ခြင်းကြောင့် စစ်ကောင်စီတပ်မှ စစ်ကူလာသည့် စစ်ကြောင်းသည် ကျင်းရွာ ရဲစခန်းသို့ ဝင်ရောက်နေရာယူစဉ် ပဒေသာမိုင်းဖြင့် ထပ်မံတိုက်ခိုက်ခံရ၍ သေဆုံးထိခိုက်များပြားခဲ့သည်ဟု ထီးလင်း PDFက သတင်းထုတ်ပြန်သည်။

ဧပြီ ၁၇ရက်တွင် ထီးလင်း PDFက ကျင်းရွာရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ချရန် ငြင်းဆန်သည့် စခန်းမှူး သေဆုံးပြီး ရဲ ၂ဦး ဒဏ်ရာရရှိကြောင်း၊ လက်နက် ၁၉လက်နှင့် ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်း ထီးလင်း PDFက ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ခဲ့သည်။ ကျန်ရဲတပ်ဖွဲ့များမှာ ပြည်သူနှင့်အတူ ပူးပေါင်းခဲ့သည်ဟု ဆိုသည်။

Public Service Announcement

ယင်းစခန်းသိမ်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ကူပေးခဲ့ပြီး မြေပြင်မှလည်း အင်အား ၂၀၀ခန့်ဖြင့် စစ်ကြောင်းထိုး စစ်ကူလာရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့၍ ကနဦးထိတွေ့မှုတွင် စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးခဲ့သည်ဟု ထီးလင်း PDFက ဆက်လက်ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကြောင်းသည် ထီးလင်း PDF၏ နေရာသို့ ပစ်ခတ်ဝင်ရောက်ပြီး ဆိုင်ကယ် ၅စီး အပါအဝင် ပစ္စည်းများအား မီးရှို့ဖျက်ဆီါ်သွားကြောင်း၊ ထို့နောက် ကျင်းကျေးရွာသို့ ဝင်ရောက်ပြီး ရဲခန်းသို့ နေရာယူစဉ် စခန်းအတွင်း၌ ကားမိုင်းပဒေသာမိုင်း၇၅လုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ထီးလင်း PDFက ဆိုသည်။

ထို့ပြင် လက်နက်ငယ်များဖြင်ပစ်ခက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅၀ကျော်သေဆုံးနိုင်ပြီး အများအပြားဒဏ်ရာရရှိနိုင်ကြောင်း၊ လက်နက်ကြီးများပါထိခိုက်ပျက်ဆီးသွားကြောင်း ကြားသိရသည်ဟု ထီးလင်း PDFက ထုတ်ပြန်သည်။ လက်ရှိတွင် စစ်ကောင်စီတပ်များသည် လူနေအိမ်များကို မီးရှိုနေသည်ကို မြင်တွေ့ရပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်နေသည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook