Connect with us

Hi, what are you looking for?

LuduNwayOo

News

ထီးလင်း PDF သိမ်းပိုက်ခဲ့သည့် ကျင်းရွာရဲစခန်း၌ နေရာဝင်ယူသည့် စစ်ကြောင်း ပဒေသာမိုင်းဖြင့် ထပိမံတိုက်ခိုက်ခံရ၍ သေဆုံးထိခိုက်မှုများ

ဧပြီ ၁၇ရက်တွင် ထီးလင်း PDFက ကျင်းရွာရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ချရန် ငြင်းဆန်သည့် စခန်းမှူး သေဆုံးပြီး ရဲ ၂ဦး ဒဏ်ရာရရှိကြောင်း၊ လက်နက် ၁၉လက်နှင့် ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်း ထီးလင်း PDFက ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ခဲ့သည်။ ကျန်ရဲတပ်ဖွဲ့များမှာ ပြည်သူနှင့်အတူ ပူးပေါင်းခဲ့သည်ဟု ဆိုသည်။

▪️မိုင်း ၇၅လုံးဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၅၀ ကျော်သေဆုံးနိုင်ပြီး လက်နက်ကြီးများပါ ပျက်စီးဟု ထုတ်ပြန်

မကွေးတိုင်း ထီလင်းမြို့နယ် ကျင်းရွာနယ်မြေရဲစခန်းကို ထီးလင်း ပြည်သူ့ကာကွယ်ရေးတပ်များက စခန်းသိမ်းတိုက်ခိုက်လိုက်ခြင်းကြောင့် စစ်ကောင်စီတပ်မှ စစ်ကူလာသည့် စစ်ကြောင်းသည် ကျင်းရွာ ရဲစခန်းသို့ ဝင်ရောက်နေရာယူစဉ် ပဒေသာမိုင်းဖြင့် ထပ်မံတိုက်ခိုက်ခံရ၍ သေဆုံးထိခိုက်များပြားခဲ့သည်ဟု ထီးလင်း PDFက သတင်းထုတ်ပြန်သည်။

ဧပြီ ၁၇ရက်တွင် ထီးလင်း PDFက ကျင်းရွာရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ချရန် ငြင်းဆန်သည့် စခန်းမှူး သေဆုံးပြီး ရဲ ၂ဦး ဒဏ်ရာရရှိကြောင်း၊ လက်နက် ၁၉လက်နှင့် ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်း ထီးလင်း PDFက ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ခဲ့သည်။ ကျန်ရဲတပ်ဖွဲ့များမှာ ပြည်သူနှင့်အတူ ပူးပေါင်းခဲ့သည်ဟု ဆိုသည်။

Public Service Announcement

ယင်းစခန်းသိမ်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ကူပေးခဲ့ပြီး မြေပြင်မှလည်း အင်အား ၂၀၀ခန့်ဖြင့် စစ်ကြောင်းထိုး စစ်ကူလာရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့၍ ကနဦးထိတွေ့မှုတွင် စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးခဲ့သည်ဟု ထီးလင်း PDFက ဆက်လက်ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကြောင်းသည် ထီးလင်း PDF၏ နေရာသို့ ပစ်ခတ်ဝင်ရောက်ပြီး ဆိုင်ကယ် ၅စီး အပါအဝင် ပစ္စည်းများအား မီးရှို့ဖျက်ဆီါ်သွားကြောင်း၊ ထို့နောက် ကျင်းကျေးရွာသို့ ဝင်ရောက်ပြီး ရဲခန်းသို့ နေရာယူစဉ် စခန်းအတွင်း၌ ကားမိုင်းပဒေသာမိုင်း၇၅လုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ထီးလင်း PDFက ဆိုသည်။

ထို့ပြင် လက်နက်ငယ်များဖြင်ပစ်ခက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅၀ကျော်သေဆုံးနိုင်ပြီး အများအပြားဒဏ်ရာရရှိနိုင်ကြောင်း၊ လက်နက်ကြီးများပါထိခိုက်ပျက်ဆီးသွားကြောင်း ကြားသိရသည်ဟု ထီးလင်း PDFက ထုတ်ပြန်သည်။ လက်ရှိတွင် စစ်ကောင်စီတပ်များသည် လူနေအိမ်များကို မီးရှိုနေသည်ကို မြင်တွေ့ရပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်နေသည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။